Thursday, August 23, 2012

လေနေဆဲ၊ကြွေနေဆဲ ရောဘတ်ပ်ပတ်တ် တီဆီဆင်

Ever November | 8/23/2012 01:41:00 PM | Best Blogger Tips

ရွှေ နဲ့ မြ မောင်နှံလို့ မီဒီယာ ကမ္ဘာမှာ တာစားခဲ့ပြီး ချစ်သက်တမ်းလည်း သုံးနှစ် ကျော်ခဲ့ပြီး ဖြစ်တဲ့ Twilight စတား ရောဘတ်ပတ်တီဆင်နဲ့ ခရစ္စတင်စတီးဝပ် တို့ကြားမှာ အက်ကြောင်း ထင်လာတဲ့ သတင်းဟာ Vampire အက်ဒဝပ်ကူလင် ပရိသတ်တွေ အတွက် စိတ်မချမ်းမြေ့စရာ သတင်း တစ်ပုဒ်ပါပဲ။
Snow White ဒါရိုက်တာ ရှုပတ် ဆန်ဒါနဲ့ အလန်းမင်းသမီး ခရစ္စတင်စတီးဝပ်တို့ ညစာအတူစားခဲ့ကြတဲ့ သတင်းဓာတ်ပုံတွေ ထွက် ပေါ်ခဲ့အပြီးမှာ ရောဘတ်ဟာ ခရစ္စတင်နဲ့ အတူ နေထိုင်တဲ့ အိမ်ကနေ အနုပညာရောင်းရင်းတစ်ဦး ဖြစ်သူ ရီဆီဝီဘာစပွန်တို့ အိမ်ပြောင်းရွှေ့နေထိုင် ခဲ့တာကိုလည်း ပါပါရာဇီတွေက ဖွမဆုံး ဖြစ်နေ ကြပါတယ်။
ညှို့မင်းသမီး ခရစ္စတင်ကလည်း သူ့မှာ အပြစ်ရှိပါတယ်လို့ အတိအလင်း ဆိုလာ တာကြောင့် Twilight မောင်နှံရဲ့ ရင်ခုန်သံ ဒိုင်ယာရီ ဟာ လောလောဆယ်မှာတော့ သတင်းတွေ ဖြစ်နေ ရပါတယ်။
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1