Saturday, August 25, 2012

ပါကစ္စတန် မင်ဟာစစ်ဌာနချုပ် တိုက်ခိုက်ခံရ

Ever November | 8/25/2012 03:28:00 PM | Best Blogger Tips

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ကမ်ရာမြို့ရှိ မင်ဟာစစ်ဌာနချုပ်စခန်းကို သြဂုတ်လ ၁၅ ရက်နေ့က အစ္စလာမ် စစ်သွေးကြွဟုယူဆရသည့် အဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပါကစ္စတန်တာဝန်ရှိသူက ပြော ကြောင်း Reuturs သတင်းကဆိုသည်။
    ပါကစ္စတန်နိုင်ငံကပြောသည်။ စစ်သွေးကြွအကြမ်းဖက်ဆိုသည့် စကားလုံးသည် တာလီဘန်တို့ကို ရည်ညွှန်းသည်။ ယင်းစစ်ဌာနချုပ်အနီးအနား၌ အသေခံဗုံးခွဲမည်ဟု ယူဆရသူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ယင်းကပြောသည်။ ယခင်နှစ် ကလည်း ပါကစ္စတန်နိုင်ငံ၏ အကြီးမားဆုံးမြို့ ကရာချီရှိ လေတပ်ဌာနချုပ်ကို တာလီဘန်လက်နက်ကိုင် တစ်စုက ဝင်ရောက် တိုက်ခိုက်ရာ ၁၆ နာရီကြာပြီး ၁ဝ ဦးသေဆုံး၊ ဒဏ်ရာရသူ ၂ဝ ခန့်ရှိခဲ့သည်။ အိုစမာဘင်လာဒင် ဖမ်းဆီးခံရ၍ လက်တုံ့ပြန်ခြင်းဟု ထုတ်ပြန်ခဲ့သည်။ မင်ဟာလေတပ်စစ်ဌာနချုပ်သည် အစ္စလာမာဘတ်မြို့တော်မှ ၇၅ ကီလိုမီတာဝေးကွာပြီး ပါကစ္စတန်နိုင်ငံ ၏ လေတပ်သုတေသနဌာနချုပ်တစ်ခုဖြစ်သည်။

moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1