Saturday, August 25, 2012

ဆန်းဒါးလန် အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည့် အဒမ်ဂျွန်ဆင်

Ever November | 8/25/2012 02:35:00 PM | Best Blogger Tips
ဆန်းဒါးလန်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည့် ဂျွန်ဆင်
ဆန်းဒါးလန် အသင်းသည် အဒမ်ဂျွန်ဆင်အား မန်စီးတီး အသင်းထံမှ မဖော်ပြသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
ဂျွန်ဆင်သည် ဆန်းဒါးလန် အသင်းနှင့် (၄)နှစ် စာချုပ်ခဲ့ပြီး ယင်းကလပ်သို့ ယခု အပြောင်းအရွှေ့ အတွင်း ဒုတိယမြောက် ပြောင်းရွှေ့လာခဲ့သည့် ကစားသမားလည်း ဖြစ်လာခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကစားသမား စာရင်းထဲကို အရည်အချင်းရှိ ကစားသမားတွေ ထပ်မံ ဖြည့်တင်းဖို့က ဒီနွေရာသီရဲ့ အဓိက ရည်မှန်းချက်ပါ၊ အဒမ်ဟာ ဒီအချက်နဲ့ အတိအကျကို ကိုက်ညီတဲ့သူပါ”ဟု အိုနေးလ်မှ အသင်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1