Friday, August 10, 2012

အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဟု အိုဘားမားကြေညာ

Ever November | 8/10/2012 10:05:00 AM | Best Blogger Tips

အငြင်း ပွားဖွယ် နျူကလီးယား အစီအစဉ်ကြောင့် အီရန်၏ စွမ်းအင်နှင့် ရေနံ ဓာတု စီးပွားရေး ကဏ္ဍများကို ပိတ်ဆို့အရေးယူမှုများထပ်မံပြုလုပ်သွား မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
နာမည်ပျက်စာတန်းဝင် အီရန်ဘဏ်များနှင့် စီးပွားရေးလုပ်ကိုင် နေကြောင်း သိထား ရသော အီရတ်ဘဏ် တစ်ခုနှင့် တရုတ်ဘဏ်တစ်ခုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့ရန် ပစ်မှတ်ထားလျက် ရှိသည်။အီရန်ရေနံ ဝယ်ယူခြင်း အတွက် ငွေပေးချေမှုများကိုပိတ်ဆို့မည့် အချက် များလည်းပါရှိကြောင်းသိရသည်။
ပြီး ခဲ့သည့်နှောင်းပိုင်းကအိုဘားမား လက် မှတ်ရေးထိုးခဲ့သောအက်ဥပဒေတစ်ရပ် အရ နိုင်ငံတကာမှစီးပွားရေး အဖွဲ့ အစည်းများ၊ ယင်းနိုင်ငံရေးအစိုးရများ သည် ယခုနှစ်ဇွန်လ(၂၈)ရက်နေ့အထိ အီရန်ရေနံစိမ်းများ ဝယ်ယူခဲ့ကြသော် လည်း၎င်းတို့၏ရေနံစိမ်းများကို အမေ ရိကန်ဈေးကွက်ထဲသို့ သွင်းခွင့်ပြုမည် မဟုတ်ချေ။ ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ တောင်ကိုရီးယား၊ တရုတ်အစရှိ စီးပွား ရေးဖွံ့ဖြိုးပြီးနိုင်ငံ(၂၀)မှာလည်း အီရန် ရေနံဝယ်ယူမှုကို လျှောချခဲ့ကြသည်။
အီရန်ရဲ့ ရေနံဓာတု စီးပွားကဏ္ဍအပေါ် လက်ရှိအရေးယူပိတ်ဆို့မှုများဟာ အီရန် ရေနံဓာတုထုတ်ကုန်တွေကို ဝယ်ယူမှု မရှိတော့ပိုပိုပြီးကျယ်ပြန့်လာပါတယ်” ဟု အိုဘားမားက သူ၏ကြေညာချက် တွင် ပြောကြားခဲ့ပြီး ပိတ်ဆို့အရေးယူ များတွင် အထက်ပါအရေးယူမှုများ သက်ရောက်မှုမရှိစေရန် ရှောင်လွှဲဖို့ ကြိုးစားနေမှုများ၊ အီရန်အမျိုးသား  ရေနံကုမ္ပဏီ Naftiran IntertradeCompany သို့မဟုတ် အီရန်ဗဟိုဘဏ် အတွက် ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ အမေရိကန် ဘဏ်ငွေစက္ကူများ ဝယ်ယူခြင်း သို့မဟုတ် အီရန်အစိုးရဝယ်ယူနေသော အဖိုးတန်ကျောက် မျက်ရတနာများ လည်း ပါဝင်ကြောင်း အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။
အရေး ယူပိတ်ဆို့ခံထားရသော အီရန်ဘဏ် များကိုယ်စား ဒေါ်လာသန်းချီတန်တဲ့ စီးပွားရေးလုပ်ကိုင် ပေးနေသော တရုတ်နိုင်ငံမှKunlun ဘဏ်၊ အီရတ် မှ Elaf Islamic Bank တို့ကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူ ပိတ်ဆို့မှုများချမှတ်လိုက်ပြီဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ Elaf Islanic Bank သည် အီရန်ဘဏ်တစ်ခု အတွက် ငွေကြေးထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။
First News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1