Saturday, August 25, 2012

တရုတ်အရှေ့မြောက်ပိုင်းတွင် တံတားတစ်စင်းပြိုကျ၊ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

Ever November | 8/25/2012 02:42:00 PM | Best Blogger Tips

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန်ပြည်နယ် ဟာကင်းမြို့တွင် သြဂုတ် ၂၄ ရက်နံနက်က ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ထားသည့် ယန်မင်းတန်အမည်ရှိ မြစ်ဖြတ်တံတား တစ်စင်း ပြိုကျမှုကြောင့် တံတားပေါ် မောင်းနှင်လာသည့် ထရပ်ကားလေးစီး မီတာ ၃၀ အမြင့်မှ မြေပြင်ပေါ်သို့ ထိုးကျခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းဌာနများက ပြောကြားသည်။ အဆိုပါ တံတားကြီး၏ ပင်မကိုယ်ထည်တစ်ဖက်သို့ တိမ်းစောင်းသွားပြီး ယင်းနေ့ နံနက် ၅ နာရီခွဲက မြေပြင်ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဟာဘင်မြို့ ဆောက်လုပ်ရေး ကော်မတီအဖွဲ့ ဒုတိယခေါင်းဆောင် ဆူကျင်ဒီက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။ တံတားပြိုကျပြီး ထရပ်ကားလေးစီး တံတားပေါ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆင်ဟွာသတင်းထောက်များက ပြောကြားသည်။ ယင်းတံတားသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက တရုတ်နိုင်ငံတစ်ဝန်း ပြိုကျခဲ့သည့် ခြောက်စင်းမြောက် အဓိကတံတားဖြစ်သည်။ ဆောက်လုပ်မှု အရည်အသွေး စံချိန်မမီမှုနှင့် တန်ပိုတင်ဆောင်မှုတို့ကြောင့် ထိုသို့ပြိုကျခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြစ်တင်ရှုတ်ချခဲ့သည်။ ၄င်းတံတားကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ဟာဘင်မြို့ရှိ ဆောင်ဟွာမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ၄င်းတံတားကြီး၏ စုစုပေါင်းအရှည်မှာ ၁၅ ဒသမ ၄၂ ကီလိုမီတာ ရှည်သည်။ အဆိုပါ တံတားသည် တရုတ်မြောက်ပိုင်းတွင် အရှည်ဆုံးတံတား ဖြစ်သည်။ တံတား တည်ဆောက်ရာတွင် အမေရိကန်ဒေါ်လာ ၂၉၆ သန်း ကုန်ကျခဲ့သည်ဟု ဆိုသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1