Thursday, August 23, 2012

ရုရှားနိုင်ငံရှိ ဓာတုလက်နက်များအားလုံး ၂၀၁၅ ခုနှစ် နောက်ဆုံးထား ဖျက်ဆီးမည်

Ever November | 8/23/2012 02:07:00 PM | Best Blogger Tips

ရုရှားနိုင်ငံက ထုတ်လုပ်သိုလှောင်သိမ်းဆည်းထားသော ဓာတုလက်နက်များအားလုံးကို လာမည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ဖျက်ဆီးပစ်တော့မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ဓာတုလက်နက်များ လုံခြုံရေးဆိုင်ရာဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက သြဂုတ် ၂၂ ရက်တွင် ပြောကြားသည်။ ၄င်းဓာတုလက်နက်များ၏ သက်တမ်းမျာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်၌ ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ရုရှား အာဏာပိုင်များက လာမည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး အားလုံးဖျက်ဆီးပစ်ရန် အသင့်ဖြစ်နေပြီဟု ၄င်းက ပြောကြားသည်။ ရုရှားနိုင်ငံတွင် ယခုလောလောဆယ်၌ ဓာတုလက်နက် ၇၃၀၀ ခန့်ရှိရာ ယခုနှစ်အတွင်း ဓာတုလက်နက် ၃၀၀၀ ခန့်ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။ အဆိုပါ ဓာတုလက်နက်များအားလုံး ဘေးကင်းစွာ ဖျက်ဆီးရန် ရုရှားအစိုးရက ငွေကြေး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉ ဘီလီယံ အကုန်ကျခံ ပြုလုပ်မည်ဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1