Thursday, August 16, 2012

ဂျပန်အနောက်ပိုင်း ကင်ဆိုင်းစီရင်စု၌ မိုးသည်းထန် ရေလွှမ်း မြေပြိုမှုများကြောင့် ဒေသခံများရွှေ့ပြောင်း

Ever November | 8/16/2012 10:30:00 AM | Best Blogger Tips

ဂျပန်နိုင်ငံအနောက်ပိုင်းကင်ဆိုင်းစီရင်စုတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမှုများ ဖြစ်ပေါ်ကာ ဒေသ
ခံနှစ်ဦး ပျောက်ဆုံးပြီး လူ ၁၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဂျပန်နိုင်ငံ အင်န်အိတ်ခ်ျကေသတင်းဌာနကသြဂုတ်၁၄ရက်တွင်သတင်းထုတ်ပြန်သည်။ နေအိမ်များ ရေနစ်မြုပ်ပြီး မြေပြို
မှုများလည်း ဖြစ်ပွားခဲ့ကြောင်း၊ တိုကျိုစီရင်စုရှိ ယူဂျီမြို့တွင် မြေပြိုမှုကြောင့် အိမ်တစ်လုံးပျက်စီးခဲ့ကြောင်း၊ ကင်ဆိုင်းနှင့် တိုကျိုစီရင်စုတို့တွင် မိုးရေချိန် ၁၀၀ မီလီမီတာကျော်အထိ ရွာသွန်းခဲ့ကြောင်း သတင်း၌ ဖော်ပြသည်။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် ဒေသခံများအား ရှီဂါစီရင်စုရှိ အိုတီဆူမြို့တွင် ကယ်ဆယ်ရေးစခန်း သုံခု၌ ယာယီနေရာချပေးထားကြောင်း သိရသည်။ ကင်ဆိုင်းစီရင်စုတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် ရေလွှမ်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1