Thursday, August 23, 2012

ဂျင်နီဖာအင်နက်စတန် စေ့စပ်လိုက်ပြီ

Ever November | 8/23/2012 03:31:00 PM | Best Blogger Tips

Horrible Bosses နဲ့ စူပါ စတားဘဝကို ထိန်းထားနိုင်ဆဲ ညှို့မင်းသမီးချော ဂျင်နီဖာ အင်နက်စတန်တစ်ယောက် ချမ်းမြေ့ လှပတဲ့ဘဝတစ်ခုတည်ဆောက်ဖို့ Boy-Friend ဂျပ်စတင်ဘီရပ်စ်နဲ့ စေ့စပ်ခဲ့တာဟာ ပရိသတ်တွေအတွက်ရော ရောင်းရင်းတွေအတွက် ပါ ကျေနပ်စရာ ဖြစ်ရတာပါပဲ။ ဘရက်ပစ်နဲ့လမ်းခွဲခဲ့သူ ဂျင်နီဖာနဲ့ ချစ်ရသူ ဂျပ်စတင်တို့ဟာWonderlust ဇာတ်ကားမှ အတူသရုပ် ဆောင်ရင်း သံယောဇဉ်ငြိခဲ့ကြတာဖြစ်ပြီး ချစ်သက်တမ်းတစ်နှစ်ကျော် အကြာမှာ အခုလို ရွှေလက်တွဲခဲ့ကြတာပါပဲလို့ ဟယ်လိုကကောင်းချီး ပေးထားပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စူပါမင်းသမီးက “ချမ်းမြေ့တဲ့ မိသားစုဘဝတစ်ခုပိုင်ဆိုင်လိုတာ ဝန်ခံပါတယ်။ ဂျပ် စတင်အတွက်ရင်သွေးလေးတွေလည်း မွေးပေးရဦးမှာပါ။ ဒါပေမယ့် သရုပ်ဆောင်အလုပ်ကိုတော့ စွန့်လွှတ်မှာမဟုတ်ပါဘူး။ အချစ်မရှိ တဲ့ ဘဝဟာ ခြောက်သွေ့လွန်းပါတယ်”လို့ ရင်ဖွင့်လာပါတယ်။
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1