Saturday, August 25, 2012

တစ်လ(၃)ကားနဲ့ပတ်သက်ပြီး သတင်း ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ ဆိုတဲ့ ဇင်ဝိုင်း

Ever November | 8/25/2012 03:08:00 PM | Best Blogger Tips

ဇင်ဝိုင်းနဲ့ ဗီဒီယို ရိုက်ကွင်း တစ်ခုမှာ တွေ့ဆုံခိုက် လတ်တလော ရေပန်း စားနေတဲ့ ဒါရိုက်တာ တစ်ယောက် တစ်လ(၃)ကားနဲ့ ပတ်သက် ပြီး မေး မြန်းဖြစ်ခဲ့ ပါတယ်။ “ဒါရိုက်တာတစ်ယောက်က တစ်လကို ဇာတ်ကား(၃)ကားပဲရိုက် ရမယ်ဆိုတာ ကျွန်တော်တို့ထုတ်ပြန် ထားခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဒါရိုက်တာအ လွှာဆွေးနွေးပွဲမှာ ဒါကိုဖြစ်သင့် တယ်လို့ သူတို့ဆွေးနွေးကြတာပါ။
ဒါပေမဲ့ အဲဒါကိုအတည်လို့ ကျွန် တော်တို့ထုတ်ပြန်ဆွေးနွေးခြင်းမရှိ သေးပါဘူး။ ကျွန်တော့်ကို အများ အားလုံးက သူတို့ကိုယ်စားလုပ်ပေး နိုင်မယ်လို့ယုံကြည်ကြတဲ့အတွက် တာဝန်ပေးထားလို့ ကျွန်တော်ကြိုး စားပြီးလုပ်ဆောင်နေပါတယ်။ ဒါ ပေမဲ့ အခုထိ ကျွန်တော်တို့လုပ်နေ တာ ထင်သလောက်ခရီးမပေါက် သေးပါဘူ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လောကကို ဂုဏ် သိက္ခာရှိတဲ့၊ ဘဝအာမခံချက်ရှိတဲ့ လောကတစ်ခုဖြစ်အောင်ထူထောင် မှာပါ။
ဒီလိုလုပ်ဖို့ဆိုတာကလည်း ကျွန်တော်တစ်ယောက်တည်း၊ ကျွန် တော်တို့တစ်ဖွဲ့တည်းလုပ်လို့မရပါ ဘူး။ ကျွန်တော်တို့လောကသား တွေအားလုံး စုပေါင်းပြီးလုပ်ကြမှရ မှာပါ။ အခု ကျွန်တော်တို့သရုပ် ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ထုတ် လုပ်သူတွေ၊ စာရေးဆရာတွေအား လုံကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်နိုင်တစ်ပိုင် ပရဟိတလုပ်ငန်း တော်တို့နာရေးကူညီမှုအသင်းဥက္ကဌ ကြီး ဦးကျော်သူဆိုလည်း ကျွန်တော် တို့ရုပ်ရှင်သရုပ်ဆောင်ကြီးတစ် ယောက်ပါပဲ။
အခုလို ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုဖြစ်လာတော့ လည်း အဖွဲ့အစည်းအလိုက် ရုပ်ရှင် ကြခြင်းပါပဲ။ နောင်ကိုလည်း အမှန် တကယ်ဒုက္ခရောက်နေတဲ့ပြည်သူ တွေအတွက် ရခိုင်ရန်ပုံငွေလိုပွဲမျိုး လုပ်သွားဖို့ရှိပါတယ်”။
Z.H.P
8 Days Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1