Thursday, August 23, 2012

ညာဘက်ပေါင်တံ ခွဲစိတ်ကုသ ထားပေမယ့်လည်း တွံတေးသိန်းတန် အမှတ်တရ ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေမည် ဖြစ်ကြောင်း ရွှေရည်သိန်းတန်ပြော

Ever November | 8/23/2012 01:32:00 PM | Best Blogger Tips

မန္တလေးမှာပြုလုပ် ကျင်းပမယ့် တွံတေး သိန်းတန် အမှတ်တရ ဖျော်ဖြေပွဲကို မူလက သြဂုတ် ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ် ထားခဲ့ပေမယ့်လည်း တေးသံရှင်ရွှေရည်သိန်းတန်နဲ့ ခင်ပွန်း ကောင်းသန့်ဟိန်းတို့ ကားမတော် တဆဖြစ်ခဲ့မှုကြောင့် စက်တင်ဘာ ၁၅ ရက်နေ့မှ ပြန်လည် ကျင်းပဖို့ပြုလုပ် ထား ကြောင်း သိရှိရပါတယ်။

''စက်တင်ဘာ ၁၅ ရက်နေ့လောက် ပြန် လုပ်မယ်။ ရန်ကုန်မှာဖျော်ဖြေပေး ခဲ့တဲ့ ဖျော်ဖြေမှု နဲ့ မတူအောင်လို့ အများကြီးပြောင်းလဲ ထားတယ်။ ရန်ကုန်မှာ လုပ်ခဲ့သလို အဆိုတော် တစ်ယောက်တက်၊ တစ်ယောက်ဆင်း ပုံစံမျိုး လုပ်မှာ မဟုတ်ပါဘူး။ အားပါးတရ ဖျော်ဖြေ ပေးချင်တဲ့အတွက် အဆိုတော် တစ်ယောက် တက်ပြီးဆိုရင် ၃၊ ၄ ပုဒ်လောက်နဲ့ အားပါး တရဖျော်ဖြေမှာပါ။ မြန်မာတေးသံရှင် အယောက် ၂ဝ လောက်နဲ့ ဖျော်ဖြေဖို့စီစဉ် ထားတယ်'' လို့ ကောင်းသန့်ဟိန်းက ဖျော်ဖြေ ပွဲစီစဉ်ထားမှုကို ပြောပြပါတယ်။
ရွှေရည်သိန်းတန်ကလည်း ညာဘက် ပေါင်တံ ခွဲစိတ်မှုပြုလုပ်ထားပြီး တစ်လခွဲ အကြာမှာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန် လာမှာဖြစ်ပေမယ့် လည်း မန္တလေးမှာပြုလုပ် မယ့် တွံတေးသိန်းတန် အမှတ်တရ ဖျော်ဖြေပွဲမှာ ဝင်ရောက်ပြီး ကိုယ်တိုင်ပါဝင် ဖျော်ဖြေနိုင် ဖို့အတွက် ပြင်းထန်တဲ့ဆန္ဒရှိ နေတယ်လို့ရွှေရည်သိန်းတန် ကပြောပြပါတယ်။
''နောက်ဆုံးပွဲကို ကိုယ်တိုင်ဝင်မဆိုနိုင်ဘူး ဆိုရင်တောင်မှ ကျန်တဲ့ အနုပညာ ရှင်တွေနဲ့ပဲ အဖေ့ရဲ့ ပွဲကိုဖြစ်အောင်လုပ်မယ်။ ချိုင်း ထောက်နဲ့ပဲဖြစ်ဖြစ်၊ ဝှီးချဲနဲ့ပဲဖြစ်ဖြစ် ရအောင်စီစဉ်မယ်။ မဖြစ်မနေနဲ့ဆိုရင် တောင် ကျွန်မမဖြစ်ဖြစ်တဲ့နည်းနဲ့ တစ်ပုဒ်ကိုတော့ ရအောင်ဆိုမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မအဖေရဲ့ အမှတ်တရ ဖျော်ဖြေပွဲဖြစ်နေလို့ပါ။ ပြန်ကောင်းလာတဲ့ အချိန်အထိကို ကျွန်မ မစောင့်နိုင်ပါဘူး။ စင်ပေါ်မှာ တော့ လှလှလေးနေချင်တာပေါ့။ ဒါပေမဲ့ အဖေ့ရဲ့ပွဲဖြစ်တဲ့ အတွက် ခံယူချက်ပြင်းပြင်း နဲ့ မကောင်းလည်း မကောင်းတဲ့အတိုင်း ရအောင်လုပ်မယ်။ဖြစ်အောင်လုပ်မယ်'' လို့ ပြောပြလာတဲ့ ရွှေရည်သိန်းတန်က ဖျော်ဖြေပွဲကို စောင့်မျှော်နေကြ ရတဲ့ ပရိသတ်တွေ အတွက် ပြောပြလာတာကတော့..''ဒီပွဲကို တအားဖြစ်ချင်တဲ့ ဆန္ဒနဲ့ ရန်ကုန် မှာလုပ်ခဲ့တယ်။ အောင်မြင်ခဲ့တယ်။ နယ်ပရိသတ်တွေ ရဲ့တောင်းဆိုမှုနဲ့ မန္တလေးမှာကျင်းပဖို့ ကြိုးစား လုပ်နေရင်း နဲ့ အခုလို အက်ဆီးဒင့် ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်မ အသက်မသေ ခဲ့ဘူး။ ဦးနှောက်တွေ၊ ခေါင်းတွေ အကုန် အကောင်းကြီးပဲ ရှိသေးတယ်။ အဲဒီ အတွက် ပွဲ လုပ်ဖို့ရည်မှန်းထားတဲ့ရက်ကို နည်းနည်း နောက်ဆုတ်လိုက် ရပေမယ့် ကောင်းကောင်း၊ မကောင်းကောင်း ဒီပွဲကို ရအောင်လုပ်ပေး မယ်လို့ ပရိသတ်တွေ ကိုပြောချင်ပါတယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုရင် အဖေ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့မေတ္တာကို အသိအမှတ်ပြု တဲ့အနေနဲ့ ရအောင်၊ ဖြစ်အောင် လုပ်ခဲ့တာပါ'' လို့ ပရိသတ်တွေ အတွက်ပြောပြ ခဲ့ပါတယ်။
ထက်လူလူ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1