Thursday, August 16, 2012

ပြည်တွင်းမိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများသို့ချိတ်ဆက်အသုံးပြုနိုင်ပြီဟု ဆက်သွယ်ရေးအတည်ပြု

Ever November | 8/16/2012 11:58:00 AM | Best Blogger Tips
မြန်မာနိုင်ငံရှိမိုဘိုင်းဖုန်းများအားအာဆီယံနိုင်ငံများတွင်သယ်ဆောင်အသုံးပြုနိုင်အတွက် ဆောင်ရွက်လျှက်ရှိ
ရာလက်ရှိအချိန်တွင်ချိတ်ဆက်အသုံးပြုနိုင်ရန်အဆင့်သင့်အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်း  မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
 
လက်ရှိတွင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းများကိုမြန်မာနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွကျှက်ရှိရာအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
 
''ပြည်ပက ဖုန်းတွေကို ပြည်တွင်းမှာ သုံးလို့ရနေပြီ၊ ပြည်တွင်းက ဖုန်းတွေပြည်ပကို သယ်ဆောင် အသုံးပြုဖို့က အသုံးပြုတဲ့ အခကြေးငွေကိစ္စရပ်မျိုးတွေကို ညှိနေသေးတယ်။ နည်းပညာအရ ချိတ်ဆက်မကလည်း အသင့်အနေအထားမှာ ရှိနေပါတယ်။ အမြန်ဆုံး သယ်ဆောင် အသုံးပြုနိုင် အောင်လုပ်ဆောင်သွားမှာပါ။'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
 
လက်ရှိအချိန်တွင် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှမိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်နေပြီဖြစ်ပြီး မကြာခင် အခြားနိုင်ငံအသစ်များကိုထပ်မံတိုးချဲ့ အသုံးပြုခွင့်ပေးသွားမည်ဟု ၄င်းက ထပ်မံပြောကြားသည်။
 
ထို့အပြင် ပြည်တွင်းမှ မိုဘိုင်းဖုန်းများကို အာဆီယံနိုင်ငံများ အပါအဝင်ပြည်ပ နိုင်ငံ အသီးသီးသို့ သယ်ဆောင်အသုံးပြုနိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆွေးနွေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းသည် ယခုလ ၃ ရက်နေ့ နေပြည်တော်၌ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့်တွေဆုံဆွေးနွေးမူများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
 
ဆွေးနွေးမှုများအတွင်း မိုဘိုင်း ( Roming)ကွန်ရက် ကိစ္စရပ်အပြင် ဆက်သွယ်ရေးလုပ်ငန်းအတွက်   နိုင်ငံတကာအကြံပေး တင်ဒါလုပ်ငန်း ကိစ္စရပ်များလည်းပါဝင်ခဲ့ကြောင်းသိရသည်။ Roming ကွန်ရက် စတင်ဖွင့်လှစ်ခဲ့ချိန် ၌ဂျပန်အပါအဝင် အာဆီယံနိုင်ငံအချို့မှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့သယ်ဆောင် အသုံးပြုခဲ့ကြသည်။
 
အဆိုပါ မိုဘိုင်း Roming ကွန်ရက်ကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင်နေပြည်တော်တွင် လက်ခံကျင်းပခဲ့သည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးမှ စတင်၍အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1