Friday, August 10, 2012

ဆီးရီးယားတွင် လေယာဉ်မပျံသန်းရေးဇုန်သတ်မှတ်ရေးတွင် အိုဘားမားအား ရီပတ်ဘလီကန် အကဲဖြတ်များ ထောက်ခံ

Ever November | 8/10/2012 09:24:00 PM | Best Blogger Tips

အမေရိကန် အစိုးရအနေဖြင့် ဆီးရီးယားနိုင်ငံအပေါ် လေယာဉ်မပျံသန်းရေုးဇုန် သတ်မှတ်ရန်အတွက် ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမာ၏ လက်ထောက် အကြီးအကဲ တစ်ဦးက သြဂုတ် ၈ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။ ဆီရီးယားတပ်ဖွဲ့ဝင်များ၏ ဗုံးကြဲ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်နှင့် သမ္မတအာဆတ်ကို ဖြုတ်ချရန်အတွက် အတိုက်အခံများကို တိုက်ရိုက် လက်နက်တပ်ဆင်ပေးခြင်း ပြုလုပ်မည့် သမ္မတအိုဘားမား၏ ဆီးရီးယားအရေး ကိုင်တွယ်ဖြေရှင်းနေမှုကို ရီပတ်ဘလီကန် ဝေဖန်ရေးသမားအချို့က ထောက်ခံအားပေးလျက် ရှိကြောင်း သိရသည်။ သို့ရာတွင် အမေရိကန် အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်း၌ စုစည်းမှုမရှိသည့် အတိုက်အခံ တပ်ဖွဲ့ငယ်များအား လက်နက်များ အကူအညီပေးရန် ငြင်းဆိုထားသော်လည်း ၎င်းတို့အတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီများနှင့် အခြားအကူအညီများ ပေးရန်သာ အာရုံစိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1