Saturday, August 25, 2012

ရေနံချောင်းရဲဝန်ထမ်းက ၆၅နှစ်အရွယ် အမျိုးသမီးကို ပစ္စည်းလုပြီး ရိုက်နှက်

Ever November | 8/25/2012 09:46:00 AM | Best Blogger Tips
၂၀၁၂ သြဂုတ်လ ၁၈ ရက်နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ကြပ်တစ်ဦးမှ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးကြီးအား မသေမချင်းရိုက်နှက်ပြီး ပစ္စည်းယူလုယက်မှုတစ်ခု ဖြစ်ခဲ့ပါသည်။
အမှုဖြစ်စဉ်မှာအဆိုပါနေ့၊၁၃း၀၀နာရီခန့်တွင် ရိုက်နှက် သတ်ဖြတ်ခံရသူဒေါ်ဝင်းမြင့် (အသက်၆၅နှစ်)သည်ခင်ပွန်းသည်အိမ်ပြန်မလာသဖြင့်အကူအညီတောင်းရန်တိုင်းရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှတပ်ကြပ်အဆင့်ရှိသူဝင်းကိုကိုထံ သွားရောက်အကူအညီတောင်းခံခဲ့ပါသည်။ တပ်ကြပ်ဝင်းကိုကိုမှ ခင်ပွန်းရှိသောနေရာလိုက်ပြမည်ဟု ဆိုကာဒေါ်ဝင်းမြင့်အား တိုင်းရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဘက်ချောင်းရိုးထဲသို့ဖြားယောင်းခေါ်ဆောင်သွားပြီး ချောင်းရိုးထဲအရောက်တွင် နောက်မှကျောက်တုံးဖြင့် မသေမချင်း ထုနှက်ကာ ဒေါ်ဝင်းမြင့်ဝတ်ဆင်ထားသောရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေနားကပ်တို့အား ချွတ်ယူသွားခဲ့ပါသည်။
ကံအားလျှော်စွာပင် ဒေါ်ဝင်းမြင့်မှာအသက်မသေဘဲ ပြန်လည်သတိရလာကာ ဘေးလူများအား အကူအညီတောင်းခံခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ ရဲတပ်ကြပ်ဝင်းကိုကိုသည် အမှုကျူးလွန်စဉ်က ရဲယူနီဖောင်းကိုဝတ်ဆင်ထားပြီး တိုက်ရာပါပစ္စည်းများအား မကွေးမြို့သို့သွားရောက်ရောင်းချစဉ်ကလည်း ယူနီဖောင်းနှင့်ပင်ဖြစ်ကြောင်း ထွက်ဆိုပါသည်
ဒေါ်ဝင်းမြင့်အား ရေနံချောင်းဆေးရုံမှ မကွေးတိုင်းဆေးရုံသို့ လွှဲပြောင်းခိုင်းသဖြင့် တိုင်းဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူလျှက်ရှိနေသော်လည်း အသက်ရှင်ရန်နည်းပါးကြောင်း မိသားစုနှင့်နီးစပ်သူများအဆိုအရ သိရပါသည်။
ရဲတပ်ကြပ်ဝင်းကိုကိုအား ရေနံချောင်းမြို့မရဲစခန်းတွင် ပဏာမတိုင်ကြားမှုအမှတ် (ပ)၁၀၅/၂၀၁၂၊ပုဒ်မ၃၉၂အရ အမှုဖွင့်တိုင်ကြားထားပြီး ရဲတပ်ကြပ်ဝင်းကိုကိုမှာ ရဲစခန်းအချုပ်၌ ချုပ်နှောင်ထားကြောင်းသိရပါသည်။
မိုးမခအထောက်တော် (ရေနံချောင်း)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1