Thursday, August 23, 2012

မာစီအမည်ရှိ အခမဲ့ကုသပေးမည့် ဆေးရုံသင်္ဘော တိုဂိုမှ ဂိုင်နီယာနိုင်ငံသို့ ဆိုက်ရောက်

Ever November | 8/23/2012 01:45:00 PM | Best Blogger Tips

အထူးကု ဆရာဝန်များနှင့် ကျွမ်းကျင်သည့် ကျန်းမာရေး ၀န်ထမ်းများ လိုက်ပါလာသော တိုဂိုနိုင်ငံမှ အခမဲ့ ကုသရေး ဆေးရုံသင်္ဘောသည် အနောက်အာဖရိကနိုင်ငံဖြစ်သော ဂိုင်နီယာနိုင်ငံသို့ သြဂုတ် ၂၁ ရက်က ဆိုက်ရောက်လာကြောင်း သိရသည်။ မာစီအမည်ရှိ အဆိုပါ ကုသရေးဆေးရုံသင်္ဘောသည် ဂိုင်နီယာနိုင်ငံ ကိုနက်ရီမြို့ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။ မာစီသင်္ဘောသည် ယင်းဆိပ်ကမ်း၌ သြဂုတ် ၂၁ ရက်မှ ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ ၁၀ လကြာမျှ ဆိုက်ကပ်ကာ ဆေးဝါးအခမဲ့ ပေးဝေပြီး ကျန်းမာရေး အခမဲ့ ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။ မာစီဆေးကုသရေး သင်္ဘောသည် ခေတ်မီဆေးကုသင်္ဘောဖြစ်ပြီး ၄င်းသင်္ဘောပေါ်၌ ခန္ဓာကိုယ်ခွဲစိတ်ကုသမှုများ၊ မျက်နှာအလှပြင် ခွဲစိတ်ကုသမှုများ၊ သွားဘက်ဆိုင်ရာ ခွဲစိတ်ကုသမှုများ၊ အရိုးခွဲစိတ် ကုသမှုများ စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။ သို့သော် နာတာရှည်ရောဂါများကိုမူ ရေရှည် အချိန်ယူ၍ မကုသပေးနိုင်ကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1