Thursday, August 2, 2012

အင်တာနက်လိုင်းပါသည့် မိုဘိုင်းဖုန်းများအား တစ်ရက်(၄)ဒေါ်လာနှုန်းဖြင့် ငှားရမ်းနိုင်

Ever November | 8/02/2012 06:45:00 PM | Best Blogger Tips

အင်တာနက်လိုင်းပါသည့် မိုဘိုင်းဖုန်းများအား တစ်ရက် ငှားရမ်းခ အမေရိကန်ဒေါ်လာ (၄)ဒေါ်လာနှုန်းဖြင့် ပေးဆောင်ကာ ရန်ကုန်၊မန္တလေးနှင့်ပုဂံမြို့များတွင် ငှားရမ်းနိုင်ကြောင်း ရတနာပုံမိုဘိုင်းငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းက သိရှိရသည်။

 ''အင်တာနက်လိုင်း ပါဝင်တဲ့ SIM Card နဲ့ အင်တာနက်လိုင်း မပါဝင်တဲ့(SIM Card & Handset) တွေ ကို ဌားရမ်းနိုင်ပါတယ် '' ဟု ( Yatanarpon Mobile Rental Service ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အင်တာနက်လိုင်းပ
ါ SIM Card များအား ငှားရမ်းမည်ဆိုပါက သတ်မှတ်စပေါ်ငွေ အမေရိကန် (၁ဝဝ) ပေးချေပြီး ငှားရမ်းခအဖြစ် တစ်နေ့ အမေရိကန် (၄)ဒေါ်လာ ပေးချေရမည်ဖြစ်သည်။
 
အင်တာနက်လိုင်း မပါသော
SIM Card အား ငှားရမ်းမည်ဆိုပါက အမေရိကန် ဒေါ်လာ(၅ဝ)နှင့်  ဟန်းဆက် ငှားရမ်းမည်ဆိုပါက အမေရိကန် ဒေါ်လာ (၅ဝ)အား စပေါ်ငွေအဖြစ် ပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။
 
လိုင်းမပါသော  SIM Card များအား တစ်နေ့ငှားရမ်းခ အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ ဟန်းဆက်ငှားရမ်းခ တစ်နေ့ အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ တို့ဖြင့် Yatanarpon Mobile Rental Services  တို့မှ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် အဆိုပါမိုဘိုင်းဖုန်းဌားရမ်းသည့် ဝန်ဆောင်မူနေရာများကို ထပ်မံတိုင်းချဲ့လိုက်ပြီး ရတနာပုံ ဖုန်းခေါ်ဆိုမူ၊ ရန်ကုန်လေဆိပ်၊ မန္တလေး လေဆိပ်၊ ပုဂံလေဆိပ်နှင့် မန္တလေး Swam Hotel တို့တွင် ငှားရမ်း နိုင်မည်ဖြစ်ကြောင်း သိရသည်။
 
''နိုင်ငံခြားသားဧည့်သည်တွေ ခတ္တလာရောက်တဲ့ ဧည့်သည်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အညီ ငှားရမ်းပေးတာ ဖြစ်ပါတယ်။ မြို့နေလူတွေအနေနဲ့ မိုဘိုင်းဖုန်း ငှားရမ်းကိုင်ဆောင်တာမျိုး နည်းနေပါသေးတယ်။
'' ဟု Yatanarpon Mobile Rental Services    မှတာဝန်ရှိသူ  တစ်ဦးက ဆက်ပြောသည်။

 အသုံးပြုရမည့် ကြိုတင်ငွေပေးကဒ်များအား ငှားရမ်းသူက မိမိအစီအစဉ်ဖြင့် မိမိဝယ်ယူရမည် ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
ဥာဏ်ဥာဏ်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1