Friday, August 10, 2012

ပြင်သစ်နိုင်ငံ စီးပွားရေး အကျဘက်သို့ဦးတည်လျက်ရှိ

Ever November | 8/10/2012 10:29:00 PM | Best Blogger Tips

ပြင်သစ်နိုင်ငံသည် သုံးနှစ်တာ ကာလအတောအတွင်းတွင် ဒုတိယအကြိမ်မြောက် စီးပွားရေး ကျဆင်းမှုဘက်သို့ ဦးတည်လျက်ရှိကြောင်း ပြင်သစ်ဗဟိုဘဏ်က သြဂုတ် ၈ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ ယခုနှစ် တတိယသုံးလပတ်အတွက် နိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်ကုန်ပမာဏသည် သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဖွယ်ရှိကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူများက ကြိုတင်ခန့်မှန်းထားသည်ဟု သိရသည်။ ပြင်သစ်နိုင်ငံ၏ စီးပွားရေးသည် ဥရောပဇုန် ကြွေးမြီပြဿနာများကြောင့် ၂၀၀၉ ခုနှစ် နွေဦးကာလတွင် ပထမအကြိမ် ကျဆင်းခဲ့ပြီး ၂၀၁၂ ခုနှစ် တစ်နှစ်ပတ်လုံးတွင် ဒုတိယအကြိမ် ကျဆင်းမှုဘက်သို့ ဦးတည်လျက်ရှိသည်ဟု သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1