Friday, August 10, 2012

လာမည့်နှစ်အတွင်း အပြီးသတ်တည်ဆောက်မည့် လှည်းတန်းဂုံးကျော်တံတား

Ever November | 8/10/2012 10:21:00 PM | Best Blogger Tips
ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်ရှိလှည်းတန်းခုံးကျော်တံတားအား၂ဝ၁၃ခုနှစ်ဇူလိုင်လမှသာအပြီးသတ်တည်
ဆောက်နိုင် မည်ဖြစ်ကြောင်း ယင်းတံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီက သိရှိရသည်။
 
လှည်းတန်းခုံးကျော်တံတားအားရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ပူး
ပေါင်းဆောက် လုပ်ကာ ၂ဝ၁၂ခုနှစ် မတ်လ (၁၁)ရက်နေ့မှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ တံတားစတင်ဆောက်လုပ်စဉ်က (၄)လအတွင်း အပြီးတည်ဆောက်မည်ဟုဆိုသော်လည်း ယခုအခါတွင် (၁)နီးပါးခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
 
''တည်ဆောက်မှုကာလက(၁)နှစ်နီးပါးရှိမယ်။ တံတားထိုးဖို့အတွက် လမ်းတိုးချဲခြင်း လမ်း ဘေးဝဲယာ တိုးချဲ့တာတို့   မြောင်းအသစ်တူးဖော်တာတို့ မြေအောက်ရှိတဲ့ လျှစ်စစ်ကြိုး၊ တယ်လီဖုန်လိုင်းတွေ ကြောင့် သတ်မှတ်တာ ထက်နောက်ကျရာ ဖြစ်ပါတယ်''ဟု ရွှေတောင်ကုမ္ပဏီလီမီတက်မှ အုပ်ချုပ်မဒါရိုက်တာ ဦးအောင်ဇော်နိုင်က ပြောသည်။
 
ယခုလှည်းတန်းခုံးကျော်တံတားတည်ဆောက်ရေးစီမံကိန်းသည် ပြည်လမ်းတစ်ခုတည်းကိုသာ တံတား ထိုးပြီး အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်တန်းလမ်းတို့သည် ယခင်ပုံစံအတိုင်းထားရှိပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိရန် ပြည်လမ်းမကို (၈)လမ်းသွားအဖြစ် တိုးချဲ့သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
အဆိုပါတံတားသည် ပြည်လမ်းတစ်ခုတည်းသာ ခုံးကျော်တံတားထိုးမည်ဖြစ်ပြီး ယင်းခုံးကျော်တံတား တွင် ပင်မတိုင် ၉၄ လုံးစိုက်ထူရမည်ဖြစ်ပြီး ယင်းတိုင်များ၏ ဘို့ပိုင်တူးခြင်းလုပ်ငန်းကို ဇွန်လက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
''ဘို့ပိုင်လုပ်ငန်တွေ ပြီးစီးရင် ကျွန်တော်တို တံတားသံဘောင် ယက်မတွေ တင်နိုင်အောင် ဆက်လက် ဆောင်ရွက်သွားမှာပါ။'' ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
 
ရန်ကုန်ပြည်လမ်းတွင် တစ်နေ့လျှ င် နံနက် ၆ နာရီ မှ ည ၁ဝ နာရီအထိ ကားဖြတ်သန်းမှုပမာဏမှာ အစီးရေ (၄ဝဝဝဝ)ခန့်ရှိပြီး ရန်ကုန်-မန္တလေး ကားလမ်း ကားဖြတ်သန်းမှုမှာ ၂၄ နာရီတွင် ကားအစီး ရေ (၃ဝဝဝ)ခန့်သာ ရှိသည့်အတွက် ယခုတည်ဆောက်မည့် လှည်းတန်းခုံးကျော်တံတားနှင့် နှိုင်းယှဉ် လျှင် (၁ဝ)ဆကျော် ကွာခြားကြောင်းကိုလည်း သိရှိရသည်။
 
အဆိုပါ လှည်းတန်း ခုံးကျော် တံတားပုံစံထုတ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းအား အမေရိကန် နည်း ပညာအား အခြေခံ၍(Ty Lin International Pte, Ltd Singapore) မှ ရေးဆွဲပြီး ယာဉ်ကြောသွားလာမှု အများဆုံး သွားလာသော လုပ်ငန်းများကို အင်္ဂလန်နည်းပညာကို အခြေခံသော Traffic Engineering ကုမ္ပဏီမှ ဆောင်ရွက်ပေးခဲ့ကြေင်း၊ တံတားအမျိုး အစားမှာ သံမဏိ၊ သံယက်မနှင့် သံကွန် ကရစ်တို့ဖြင့် တည်ဆောက်မည်ဖြစ်ပြီး တံတား အရှည်မှာ ၂၄၆၆ ပေ၊ တံတားယာဉ်သွားလမ်း အကျယ်မှာ ၄၄ ပေ ၈ လက်မနှင့် လူသွားလမ်းအကျယ်မှာတစ်ဖက်လျှင် နိုင်ငံတကာအဆင့်မီ လေးပေစီထားရှိသွားမည်ဖြစ်သည်။
 
တံတားတွင်ပါရှိမည့် လမ်း၏စုစုပေါင်းအကျယ်မှာ  ၅ဝ ပေနှင့်  ၅ ပေ ၈ လက်မ ရှိမည်ဖြစ်ပြီး  တံတားအောက်ခြေ ကင်းလွတ်အမြင့်မှာ (၁၁၈)ပေထားရှိကာ ယာဉ်တစ်စီးခြင်း ခွင့်ပြုအလေးချိန် တန် (၆ဝ)ခံနိုင်ရည်ရှိကြောင်းနှင့် တည်ဆောက်မည့် ကာလ(၄)လခန့်မှန်းထားသော်လည်း ရာသီ ဥတုမြေပြင်အခြေအနေအရ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)  

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1