ဥရောပတွင် စီးပွားရေး ကျပ်တည်းမှုများ မြင့်တက်လာသည်နှင့်အမျှ အရှေ့ဥရောပ နိုင်ငံများရှိ လူ့အဖွဲ့အစည်းများတွင် လူကုန်ကူးမှုများ တိုးမြင့်ဖြစ်ပေါ်လာလျက်ရှိကြောင်း Press TV က ထုတ်ပြန် ကြေညာခဲ့သည်။ ဘယ်လ်ဂျီယံ အစိုးရ၏ တရားဝင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဥရောပသမဂ္ဂနိုင်ငံ ၂၇ နိုင်ငံအတွင်း လူကုန်ကူးခြင်းခံရသည့် အမျိုးသမီး သုံးပုံတစ်ပုံသည် ဘူလ်ဂေးရီးယားနှင့် ရိုးမေးနီးယား နိုင်ငံများ၌ သွေးဆောင်ဖြားယောင်းခြင်း ခံခဲ့ရကြောင်း သိရသည်။ ဥရောပ ကော်မရှင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံများမှ အသက်ငယ်ရွယ်သော မိန်းကလေးများနျင့် အမျိုးသမီး ၁၂၀၀၀၀ ခန့်သည် အနောက် ဥရောပ နိုင်ငံများသို့ နှစ်စဉ် လူကုန်ကူးခြင်း ခံနေရပြီး ထိုသို့ အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ်နေမှုကို ကုလသမဂ္ဂအဖွဲ့က “မျက်မှောက်ခေတ်၏ ကျွန်စနစ်”ဟု သတ်မှတ်ထားကြောင်း သိရသည်။
khitlunge


No comments:
Post a Comment