Thursday, August 23, 2012

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏်၁၅၆ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် ရုရှား

Ever November | 8/23/2012 01:34:00 PM | Best Blogger Tips

၁၈ နှစ်ကြာ စေ့စပ်ဆွေးနွေးပြီးနောက် ရုရှားနိုင်ငံသည် နောက်ဆုံးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ၁၅၆ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ထိုသို့ အဖွဲ့ဝင် ဖြစ်လာခြင်းကြောင့် ရုရှားနိုင်ငံအတွက် သာမက ကမ္ဘာကြီးအတွက်ပါ ကောင်းမွန်သည့် အကျိုးရလဒ်များ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး ဂျီ-၈ အဖွဲ့ဝင် တစ်နိုင်ငံဖြစ်သည့် ရုရှားသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင်းသို့ နောက်ဆုံး ၀င်ရောက်လာသည့် စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ထိုသို့ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခြင်းသည် ပြည်တွင်း စီးပွားရေးကဏ္ဍကို ထိခိုက်စေပြီး နိုင်ငံ၏ အချုပ်အခြာနှင့် လုံခြုံရေးကို လျော့ပါးစေသည်ဟု ဝေဖန်ရေး သမားများက ပြောကြားသော်လည်း ရုရှားနိုင်ငံအတွက် များစွာ အကျိုးရှိမည်ဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1