Thursday, August 16, 2012

လတ်တလော ကြားနေရတဲ့ သတင်းတွေနဲ့ ချောရတနာ

Ever November | 8/16/2012 11:28:00 AM | Best Blogger Tips

လတ်တလောမှာ ဇာတ်ကားရိုက် ကူးမှုတွေကို ခဏနားထား တဲ့ ချောရတနာ က မကြာမီမှာ ရုံတင် ပြသတော့မယ့်'၃'ရုပ်ရှင်ကားကြီးမှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကား လေးက
 တောရွာဇာတ်လမ်းလေးဖြစ်ပြီး ချော ရတနာကအရူးမ တစ်ယောက်ဖြစ် သရုပ် ဆောင်ထားပါတယ်။ ဒီ ရုပ်ရှင်ကား ကြီးမှာ အရူးတစ်ယောက် အဖြစ် သရုပ်ဆောင် ထားတဲ့ ချော ရတနာ က ဒီဇာတ်ကားလေးကို ပုပ္ပားမှာ သွားရိုက်ထားပြီး ဇာတ်ကား ရိုက် တုန်း က ပရိ သတ်တွေနဲ့အမှတ်တရတွေလည်း ရှိခဲ့ကြောင်း ကို"အရူးမ တစ်ယောက်ပေါ့။ ကိုယ့်ကြောင့် လည်း တစ်ရွာလုံးက ပြဿနာတွေ တက်ကြ တယ်။ ကိုယ်က အဲဒီ တစ်ကားလုံးမှာ အမွှေ ပုံစံလေးပေါ့။ အဲဒီကားကို ကျွန်မ တို့ ပုပ္ပားမှာ သွားရိုက် ထားတာ။အမှတ်တရတွေ လည်းရှိ ခဲ့ တယ်။ ပြ ဇာတ် ရုံတစ်ခုမှာ ပရိသတ်တွေ အများကြီးရှေ့မှာ ပြဇာတ် ကနေရသလိုခံစားရ တယ်။ အမှတ်တရ တစ်ခုက အပင် အောက်မှာ သီ ချင်း ဆို တဲ့ အခန်းပေါ့။ အဲဒီ အခန်းကို ရိုက် တဲ့အချိန် မှာလာ ကြည့် တဲ့ ပရိသတ်တွေ က အများ ကြီးပဲ။ အဲဒီ ကပရိသတ်တွေက ပွဲတစ်ခုခု လာကြည့်နေသလို ထမင်း ချိုင့်တွေ ပါလာကြတာ။ အပြင်က တကယ့်အရူး တစ်ယောက်လိုလုပ် ရတာ။ ကိုယ့်ကိုယ် ကို တကယ် ရူးသွားပြီလို့ တောင် ထင်ရတယ်။ ရိုက်ကူးရေး ဘက်မှာတော့ ပရိသတ်တွေ အများကြီး လာကြည့်တဲ့ အတွက် အခက် အ ခဲတွေ နည်းနည်း ရှိခဲ့တယ်" လို့ပြော ပါတယ် ။ဗီလိန် ဇာတ်နဲ့ပရိသတ်တွေ ကြားမှာ နေရာ တစ်နေရာ အခိုင်အမာ ရရှိလာတာကို လည်း တွေ့ရပါတယ်။ ဗီလိန် ဇာတ်ရိုက်ရ တဲ့အတွက် ပရိသတ်တွေ ရဲ့ အမြင် ကိုလည်း စိုး ရိမ်ကြောင်း ပြောတဲ့ ချောရတနာ က"အခုနောက်ပိုင်း မှာတော့ ဗီလိန် ဇာတ် ကို ပရိသတ်တွေ ကြိုက်ကြတဲ့ အတွက် ဝမ်း သာပါတယ်။ အရင် တုန်းကဆိုရင် ဗီလိန် ဇာတ်ကို မုန်းသွား တဲ့သူရှိတယ်။ ဒီပရိသတ် တွေကို ကျွန်မယုံကြည်လို့ ရိုက်ရဲ တာပါ။ အရင်ကဆိုရင် ဗီလိန် ကဗီလိန်ပဲ မုန်းသွား ကြ တာ။ အခု ကျတော့ ဘယ်ကာရိုက်တာ ပဲ ရိုက်ရိုက် ပရိ သတ်တွေ အား ပေး လာကြ တဲ့အတွက် ယုံကြည်ပြီး ရိုက်တာပါ။ အရင် တုန်း က ကျ တော့ တအားစိုး ရိမ်တာ။ ပရိသတ် တွေက လည်း အစ်မ ကိုဒီကာရိုက် တာလုပ် တာ သဘောကျ ကြတဲ့ လူရှိသလို၊ မကြိုက်ကျ တဲ့သူတွေ လည်း ရှိတယ်" လို့ပြောတဲ့ ချောရတနာက ကိုယ့်ကို လာအပ် တဲ့ဇာတ်တွေ အပေါ် မှာပဲ ရွေးချယ် နေရကြောင်း ပြောပါ တယ်။ မိသားစု ဇာတ် လမ်းကလည်း အရိုက် ချင်ဆုံး ဇာတ်လမ်းဖြစ် ကြောင်း ပြောပါတယ်။ ဒီနှစ်အတွင်း မှာ အပျိုကြီး ဘဝ ကနေ မကြာမီစွန့် လွှတ် တော့ မှာဖြစ်ကြောင်း လည်း သ တင်းတွေ ကြားနေ ရပြီး သေချာသလောက် ရှိနေပြီ ဖြစ်ကြောင်း လည်း သိရ ပါတယ်။
တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1