Saturday, August 11, 2012

ယခုပညာသင်နှစ်အတွက် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က အမျိုးသမီးများအပါအ၀င် ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဦးလက်ခံမည်

Ever November | 8/11/2012 09:53:00 AM | Best Blogger Tips

၂၀၁၂-၂၀၁၃ခုနှစ်ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ကျောင်းသားကျောင်းသူ ၃၂၀ဦးအားလက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ
ချာလီသန်းကပြောသည်။ ယခုပညာသင်နှစ်အတွက် အမျိုးသမီးဦးရေ ၂၀ ရာခိုင်နှုန်းအထိ လက်ခံသွားမည်ဖြစ်ပြီးပထမနှစ်သင်တန်းကို ၂၀၁၂ ဒီဇင်ဘာလ ၃ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။ “၀င်ခွင့်ရရှိဖို့အတွက် အဓိကက ကျောင်းသားကျောင်းသူတွေရဲ့ အမှတ်နဲ့ပဲဆိုင်ပါတယ်။ ရေကြောင်းတက္ကသိုလ်ဝင်ခွင့်ရရှိဖို့ အခြားနည်းလမ်းနဲ့ ကြိုးစားဖို့မလိုပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က ရေကြောင်းတက္ကသိုလ်ရရှိအောင် လုပ်ပေးမယ်ဆိုပြီးပြောလာခဲ့ရင် တက္ကသိုလ်ကို တိုက်ရိုက်အကြောင်းကြားနိုင်ပါတယ်။” ဟု ဒေါက်တာချာလီသန်းကပြောကြားသည်။ ကျောင်းသား ကျောင်းသူများ၏ လျှောက်ထားမှုပေါ်မူတည်ပြီး အမှတ်အများ၊ အနည်းအလိုက် တစ်ခါတည်းဘာသာရပ် စိစစ်သတ်မှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စုစုပေါင်းအမှတ် ၄၅၀ နှင့်အထက် ရရှိသူဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း၊ ပညာသင်ကာလအတွင်း workshop skill ရရှိရေးအတွက် မိမိအစီအစဉ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး တက္ကသိုလ်ပြင်ပ၌ တက်ရောက်ရမည့် အခြားသင်တန်းများကိုလည်းမိမိအစီအစဉ်ဖြင့်တက်ရောက်ရမည်ဖြစ်သည်။ လျှောက်ထားသူအမျိုးသမီးများ
အနေဖြင့် Marine Engineering, Nautical Science နှင့် Marine Electrical Systems & Electronics (ElectroTechnicalOfficer)ဘာသာရပ်များမှလွဲ၍အခြားဘာသာရပ်များ လျှောက်ထားခွင့်ရှိမည်ဖြစ်သည်။
 မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) သို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ပင်မတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရန်မလိုကြောင်း သိရသည်။ ယခင်ပညာသင်နှစ်က ရေကြောင်းတက္ကသိုလ်ဝင်ခွင့်ရ အနိမ့်ဆုံးရမှတ်များမှာ (ကျား) ၄၈၆ မှတ်၊ (မ) ၄၉၃ မှတ်တို့ဖြစ်ကြောင်း လျှောက်ထားသူများအား ကျန်မာရေး (က) အဆင့်ရှိရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1