Monday, August 20, 2012

ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်ချက် မြင့်တက်နေ၍ တိုင်းရင်းသား လုပ်ငန်းရှင်များ ပိုင်ဆိုင်သော ဟိုတယ်များ၌ပါ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လက်ခံထားရှိနိုင်ရန် ညှိနှိုင်း

Ever November | 8/20/2012 10:50:00 AM | Best Blogger Tips
ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော ခရီးသွားများအား လူဝင်မှုကြီးကြပ်ရေးကောင်တာ၌ တွေ့ရစဉ်

ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်ချက် မြင့်တက်နေသည့်အတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ ပိုင်ဆိုင်သော ဟိုတယ်များတွင် လည်း နိုင်ငံခြားသားခရီးသွား ဧည့်သည်များ လက်ခံထားရှိရန် စီစဉ်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပိုင်ဟိုတယ်များ အကြား ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“အခု ခရီးသွားအ၀င်က မြင့် တက်လာတော့ တိုင်းရင်းသားပိုင် ဟိုတယ်တွေကို နိုင်ငံခြားသားခရီး သွားတွေကိုပါ focus လုပ်ဖို့ ညှိနှိုင်းတာပါ။ အရင်က local ကိုပဲ focus လုပ်နေတာကနေ အခု နိုင်ငံခြားသား ဧည့်သည်ဈေးကွက်ကိုပါ focus လုပ်ဖို့ပေါ့”ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဦးတင်ထွန်းအောင်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် လက်ရှိ၌ ဟိုတယ်အခန်းပေါင်း ၈၀၀၀ ကျော်ရှိ ပြီး ယင်းအနက် ၂၀၀၀ ၀န်းကျင် ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ဖြင့် ဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ခရီးသွားဝင် ရောက်မှု သိသိသာသာ မြင့်တက် လာခဲ့ပြီး ခရီးသွားများ အဓိက၀င် ရောက်ရာ ရန်ကုန်မြို့တွင် ဟိုတယ် အခန်းလိုအပ်မှုမြင့်တက်လာခဲ့သည်။
“တိုင်းရင်းသားပိုင်ဟိုတယ် တွေလည်း အခု အခွင့်အလမ်းရှိလာ ပြီ။ တချို့တိုင်းရင်းသားပိုင်ဟိုတယ် တွေက နိုင်ငံခြားသားဧည့်သည် အ ရင်က ၀င်လေ့ဝင်ထ မရှိတော့ လုပ် ငန်းသဘောသဘာဝလေးတွေလည်း ညှိနှိုင်းရတာဖြစ်ပါတယ်။ Tour Operator တွေနဲ့ လုပ်ငန်းသဘော သဘာဝလုပ်ထုံးလုပ်နည်းတွေ၊ contract နဲ့ပတ်သက်တာ စတာတွေကို ညှိနှိုင်းတာဖြစ်ပါတယ်”ဟု ဦးတင်ထွန်းအောင်က ပြောပါသည်။
မြန်မာနိုင်ငံတွင် FDI ဟိုတယ် များသည် ရန်ကုန်မြို့တွင် အများစု တည်ရှိနေပြီး အခြားသော ခရီးစဉ် ဒေသများဖြစ်သည့် မန္တလေး၊ ပုဂံ၊ အင်းလေးတွင်မူ တိုင်းရင်းသားပိုင် ဟိုတယ်များ အဓိကတည်ရှိနေသည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ အချက်အလက် များအရ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပေါင်း ၇၃၁ ခုရှိပြီး အခန်း အရေအတွက် ၂၅၀၀၂ ခန်းရှိနေသည်ဟု သိရှိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1