Thursday, August 16, 2012

အင်္ဂလန်နိုင်ငံ Northumbriaတက္ကသိုလ်က ဘွဲ့လွန်တက်နေသော မြန်မာကျောင်းသား များကို ပညာသင်ထောက်ပံ့ကြေးပေးမည်

Ever November | 8/16/2012 11:43:00 AM | Best Blogger Tips

အင်္ဂလန်နိုင်ငံ အခြေစိုက် Northumbria တက္ကသိုလ်က ၄င်း၏ ကျောင်းတွင် မဟာဘွဲ့ တက် ရောက် သင်ယူ နေသော မြန်မာ အပါအဝင် နိုင်ငံတကာ ကျောင်းသားများ အားလုံးကို ပညာသင်ဆု ထောက်ပံ့ကြေးငွေ စင်ကာပူဒေါ်လာ ၃၀ဝ၀ ပေးအပ်သွားမည်ဖြစ်ကြောင်း MSI ပညာရေးဝန်ဆောင် မှုကုမ္ပဏီထံမှ သိရသည်။
ဘာသာရပ်များအတွက် ကျောင်းလခ ပုံမှန်ကုန်ကျငွေမှာ စင်ကာပူဒေါ်လာ ၂၁၀ဝ၀ ကုန်ကျမည်ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် စက်တင်ဘာကျောင်းဖွင့်ချိန်တွင် လျှောက်ထားမည့် မည် သည့်ကျောင်းသားကျောင်းသူမဆို စင်ကာပူဒေါ်လာ ၃၀ဝ၀ ပညာသင်ထောက်ပံ့ကြေးရရှိမည်ဖြစ် ကြောင်းလည်း သိရသည်။
Northumbria တက္ကသိုလ်သည် နိုင်ငံတကာတွင် ဘာသာရပ်တိုင်းအတွက် သုတေသနပြုမှု အကောင်းဆုံး(2008 Research Assessment Exercise) တက္ကသိုလ်အဖြစ် နိုင်ငံတကာကျောင်း သား အများဆုံးရွေးချယ်ခံရသော တက္ကသိုလ်တစ်ခုဖြစ်ပြီး Kaplon Higher Education Academy (KHEA) တွင် သင်ကြားနိုင်သော Northumbria University မာစတာပရိုဂရမ်အတွက် ပညာသင်ဆုထောက်ပံ့ကြေးဖြင့် စက်တင်ဘာလ ကျောင်းဖွင့်ချိန် အမီ လျှောက်ထားနိုင်သော ကျောင်း သားကျောင်းသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက MSI ပညာရေးဝန်ဆောင်မှု လုပ်ငန်းသို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
Northumbria University သည် အင်္ဂလန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံ တကာမှ ကျောင်းသားများ အဓိကထား ရွေးချယ် တက်ရောက်လျက် ရှိသော တက္ကသိုလ်တစ်ခုဖြစ် ကြောင်းလည်း သိရသည်။
ဘုန်းမြတ်၊ မင်းအောင်ခိုင်
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1