Tuesday, September 25, 2012

4S တစ်လရောင်းအားကို ၃ ရက်အတွင်း မီခဲ့တဲ့ iPhone 5

Ever November | 9/25/2012 09:49:00 AM | Best Blogger Tips

iPhone 5 ရဲ့ အွန်လိုင်းမှ ကြိုတင် မှာယူမှု အရေအတွက် ဟာ ၃ ရက် အတွင်းမှာ iPhone 4S စတင်ရောင်းချစဉ်က ရရှိခဲ့တဲ့ တစ်လစာ အမှာစာ ပမာဏကို ပြည့်မှီ ခဲ့တယ်လို့ သိရှိ ရပါတယ်။
မိုဘိုင်းဈေးကွက် ဖွံ့ဖြိုးလာခြင်းနှင့် အတူ Apple ရဲ့ စမတ်ဖုန်း ထုတ်ကုန်သစ်ဟာ ရောင်း အားစံချိန်အသစ်တင်နိုင် ဖို့ မျှော်မှန်းခံနေရပြီး လက်လီရောင်းချသူ ကုမ္ပဏီကြီး AT & Tကလည်း iPhone 5 ဟာ ၂၄ နာရီအတွင်းမှာ ကြိုတင်အမှာစာ အများဆုံးရရှိခဲ့တဲ့ iPhone ဖြစ်တယ်လို့ကြေညာခဲ့ ပါတယ်။
AT & T ဟာ iPhone 5 အတွက် ပထမဆုံး ၃ ရက် အတွင်းအမေရိကန် မိုဘိုင်းဈေးကွက်မှာ အွန်လိုင်းမှ ဝယ်ယူမှု ၆၈ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။ အခြား Carrier ကုမ္ပဏီ Verizon ကတော့ အွန်လိုင်းမှာယူမှု စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းကို ရရှိခဲ့ပြီးSprint ကတော့ ၈ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။
Mobile Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1