Tuesday, September 25, 2012

ဖုန်းကို နားနားကပ်လိုက်ရုံဖြင့် ပြန်လည် ဖြေကြားနိုင်မည့် Android Application အသစ်ထွက်ရှိ

Ever November | 9/25/2012 09:37:00 AM | Best Blogger Tips

Android version 2.1 နှင့် အထက် အသုံးပြု ထားသော ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်မည့် ဖုန်း လာလျှင် အလို အလျောက် answers calls အဖြစ် ပြောင်းလဲပေး သည့် Porximity Talk application ကို မိမိ၏ မိုဘိုင်းဖုန်း အတွင်း အင်တာနက်မှ တစ်ဆင့် ထည့်သွင်း၍ စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါapplication သည် ဖုန်းလာပါက မည်သည့် key ကိုမှ ထပ်နှိပ်စရာမလိုဘဲ ဖုန်းကို နားနားကပ်လိုက်ရုံဖြင့် ပြန်လည်ဖြေကြား နိုင်မည်ဖြစ်ပြီး ဖုန်းကို နားမှခွာလိုက်ပါကလည်း စပီကာကို အလိုအ လျောက် ဖွင့်ပေးသောကြောင့် စပီကာဖွင့်ရန် ခလုတ်နှိပ်စရာမလိုဘဲပြောနိုင် မည်ဖြစ်သည်။
ဖုန်းပြောပြီးလျှင် ဖုန်း၏မျက်နှာပြင်ကို မှောက်လိုက် ခြင်း(သို့မဟုတ်) ဖုန်းကိုလှုပ်ခါလိုက်ခြင်းဖြင့် ဖုန်းချနိုင်ပြီး ဖုန်းသံကျယ်ခြင်း၊ Silence လုပ်ခြင်းကိုလည်း ဖုန်းကိုလှုပ်ခါ၍ အမိန့်ပေးခိုင်းစေနိုင်မည် ဖြစ်သည်။ Proximity Talk ကို သုံးခြင်းအားဖြင့် မလိုအပ်သောKey များစွာကို နှိပ်နေရခြင်းမှ ကင်းဝေးစေပြီး ဖုန်းပြောနေရင်း အခြား page တစ်ခုကိုကြည့်နိုင်ခြင်း၊ Speaker ကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ရန် မလိုခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်မည်။
Full version မထည့်လိုပါက စမ်းသပ် အသုံးပြုရန် ခွင့်ပြုထားသည့် trial version ကို မိမိဖုန်းအတွင်း (၇) ရက်ကြာထည့်၍ စမ်းသပ်အသုံး ပြုနိုင်ပြီး မိမိဖုန်းနှင့် ကိုက်ညီမှု ရှိ၊မရှိ သိရှိနိုင်မည်ဖြစ်သည်။
အင်တာနက်မှ တစ်ဆင့်ထည့်သွင်းလိုပါကhttps://play. google. com/store/apps/details?id=com.insadco.pro-ximitytalk နှင့်http://www. filecloud.ws/qjot 14sxd8le စသည့် website များတွင် အခမဲ့ရယူနိုင်ကြောင်း သိရှိရသည်။
MMT
Mobile Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1