Friday, September 14, 2012

နောက်ဆုံးပေါ် မာစီးဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများ တင်သွင်းခွင့်ပြုမည်

Ever November | 9/14/2012 02:13:00 PM | Best Blogger Tips

အာဆီယံ ဆိုင်ရာ အစည်းအဝေး များတွင် နိုင်ငံ တကာမှ အထူး ဧည့်သည် များ ရောက်ရှိ လာပါက အသုံးပြုနိုင်ရန် နောက်ဆုံးပေါ် မာစီးဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများ တင်သွင်းခွင့် တင်ဒါ ခေါ်ယူ ထားကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ထံမှ သိရသည်။
တင်ဒါခေါ်ထားတယ် ဆို တော့ လျှောက်ထားတဲ့ သူတော့ရှိမှာပါ။ အာဆီယံဆီးဂိမ်းစ်ပြီးရင်လည်း ပြန် မပို့ရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့၂၀၁၅ ရောက်ရင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးယူရဦးမှာ လေ။ နောက်ပြီး အာဆီယံအစည်း အဝေးတွေဘာတွေလုပ်ဦးမှာပဲလေ”ဟု အမျိုးသားစီမံကိန်းနှင့် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန (နေပြည်တော်)မှ ပြည်ထောင်စု ဝန်ကြီးရုံးအဖွဲ့မှူးကVenus News Weekly သို့ပြောသည်။
ကားများတင်သွင်းရာတွင် မော်ဒယ် ၂၀၁၁ နှင့် ၂၀၁၂ ကဲ့သို့ သော ကားများကို တင်သွင်းရမည် ဖြစ်ကာ ဌာနဆိုင်ရာအတွက် အသုံး ပြုမည်မဟုတ်ကြောင်း တင်ဒါ လျှောက်ထားသူများသည် စက် တင်ဘာ ၁၀ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးရုံး အဖွဲ့မှူးထံမှ သိရသည်။ “ဒီကားတွေက တော်တော် ဈေးမြှောက်တယ်။ ကာလပေါက် ဈေးအရ မာစီးဒီးဆိုရင် ၂၀၁၁ မော် ဒယ်ကို ကျပ်သိန်း ၂၅၀ဝ ဝန်းကျင် လောက်ရှိမယ်ထင်တယ်”ဟုဟံသာ ဝတီကားပွဲစားတန်းမှ ကားဝယ် ရောင်းတစ်ဦးကဆိုသည်။
တင်ဒါခေါ်ယူရာတွင် မာစီဒီး နှင့် လပ်ဇပ်ကား ၉၂ စီး၊တိုယိုတာ Comry အစီး ၅၀ ၊ Audi A-6 အစီး ၃၀ စုစုပေါင်း အစီးရေ ၁၇၂ စီး တင်သွင်းခွင့်ပြုသွားမည်ဖြစ် ကြောင်း ယင်းကားများကို ယခင် က CIF ဈေးနှုန်း တင်ပြကာ လျှောက်ထားနိုင်သော်လည်း ဈေး ကြီးမှုကြောင့် တင်သွင်းခြင်းမပြု လုပ်ကြကြောင်း သိရသည်။
နီတိုး
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1