Friday, September 14, 2012

iPhone 5 ကို ပထမဆုံး သုံးရမယ့်သူတွေထဲ စင်ကာပူ ပါဝင်

Ever November | 9/14/2012 03:09:00 PM | Best Blogger Tips

အခု Apple iPhone 5 ကို သောကြာနေ့ ရောင်းချတဲ့ အချိန်မှာတော့ စင်ကာပူက လူတွေလည်း iPhone 5 အသစ် သူတို့ လက်ထဲ ပထမဆုံး ရောက်မယ့်သူတွေထဲ ပါဝင်မှာဖြစ်ပါတယ်။ ဒီသတင်းကို Channel News Asia အွန်လိုင်း သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ iPhone 5 ရမယ့် နိုင်ငံ ၉ နိုင်ငံ စာရင်းထဲမှာ စင်ကာပူဟာ ပါဝင်ပါတယ်။ အခြား နိုင်ငံတွေကတော့ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန် ဆိုတဲ့ နိုင်ငံတွေ က iPhone 5 ကို ပထမဆုံး သုံးနိုင်မယ့် နိုင်ငံတွေဖြစ်ပါတယ်။

နောက်တပတ်ကြာပြီးရင်တော့ iPhone 5 ကို အီတလီ၊ ပိုလန်၊ စပိန်အပါအ၀င် နောက်ထပ် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆက် လက်ရောင်းချသွားသွားမှာဖြစ်ပါတယ်။

ထွက်ခဲ့သမျှ iPhone တွေထဲမှာ iPhone 5 ဟာ အပါးဆုံး၊ အပေါ့ဆုံးဖြစ်ပါတယ်။ ဒီအပြင် အရင် iPhone တွေက Screen က ၃.၅ လက္မဘဲ ရှိပြီး အခု iPhone 5 ဟာ ၄ လက္မ Touch Screen ရှိတာပါ။

အထူကလည်း 7.6 mm ရှိပြီး iPhone 4S ထက် ၁၈ ရာခိုင်နှုန်းပိုပါးပြီး Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller က ပြောတာကတော့ iPhone 5 ဟာ ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းဖြစ်ပါသတဲ့။

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1