Friday, September 14, 2012

စင်္ကာပူဘွဲ့လွန်အိုင်တီဒီပလိုမာသင်တန်းအတွက် လာမည့်နှစ်တွင် IELTS ရမှတ်ပြရန် မလို

Ever November | 9/14/2012 02:45:00 PM | Best Blogger Tips
စင်ကာပူအမျိုးသားတက္ကသိုလ် ဘွဲ့လွန်အိုင်တီဒီပလိုမာသင်တန်းတက်ရောက်ရန် လျှောက်ထားလိုသူများ အနေဖြင့်  လာမည့် ၂ဝ၁၃ ခုနှစ်တွင်  အင်္ဂလိပ်စာတတ်ကျွမ်းမှု IELTS ရမှတ်ပြသရန် မလိုတော့ကြောင်း သိရှိရသည်။
 
'' IELTS ရမှတ်ပြသဖို့ မလိုတော့လို့ ဒီသင်တန်းက ပေါပေါပဲပဲ ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ဝင်ခွင့်အတွက်ဖြေရတဲ့ ရေးဖြေနဲ့ နှုတ်ဖြေက IELTS ထက်ပိုခက်ပါတယ်။''ဟု Crown Education  မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မသင်းရနံ့ထွေးကပြောသည်။
 
အဆိုပါသင်တန်းသည် အသက်မွေးဝမ်းကျောင်းအတွက် ဦးစားပေးသောသင်တန်းဖြစ်ပြီး သြဂုတ်လ ကျောင်းဖွင့်ချိန်တွင် IELTS  ရမှတ်ပြသ ခဲ့ရသော်လည်း လာမည့် ၂ဝ၁၃ ဖေဖော်ဝါရီ ကျောင်းဖွင့်ချိန်တွင် ပြသရန် မလိုအပ်တော့ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါသင်တန်းအတွက် သင်တန်းကြေးအဖြစ် စင်ကာပူဒေါ်လာ ၂၃၃၁ဝ ကျသင့်မည်ဖြစ်ပြီး စင်္ကာပူ အစိုးရ၏   ထောက်ပံ့ကြေးကို   လျှောက်ထားပါက စင်ကာပူဒေါ်လာ ၁၃၉၇ဝ သာကုန်ကျမည်ဖြစ်သော်လည်း စင်ကာပူအစိုးရထံတွင် မှတ်ပုံတင်ထားသော   ပြည်တွင်း ပြည်ပကုမ္ပဏီများအတွက် (၃)နှစ် အလုပ်လုပ်မည်ဟူသော သဘောတူစာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
သင်တန်းကာလမှာ တစ်နှစ်ဝန်းကျင်ကြာမြင့်မည်ဖြစ်ပြီး၊ စာတွေ့ (၆)လနှင့် လုပ်ငန်းခွင် လက်တွေ့(၅)လ သင်ကြားရမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက Web Developer နှင့် System Analyst များအဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်မည်ဖြစ်သည်။
 
တက်ရောက်လိုသူများအနေဖြင့်  အွန်လိုင်းမှသော်လည်းကောင်း၊ ပညာရေးအကျိုးဆောင်ကုမ္ပဏီများ မှသော် လည်းကောင်း   အောက်တိုဘာလ(၁၅) ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး၊ ဝင်ခွင့်စာမေးပွဲကို မြန်မာနိုင်ငံတွင် လာရောက် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူနိုင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1