Friday, September 14, 2012

တရားမဝင် ဝင်ရောက်လာသည့် ကျူးကျော် ဘင်္ဂလီ သုံးဦး ဖမ်းဆီးရမိ

Ever November | 9/14/2012 02:20:00 PM | Best Blogger Tips

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့  ရေကျော်ရပ်ကွက် တောင်ပိုင်း မီးရထား သံလမ်းအနီးတွင် စက်တင်ဘာ ၄ ရက်မွန်းလွဲ ၂ နာရီခွဲ က ကောလင်းမြို့ စက်ရုံလယ်ပြင် မှူး၏ သတင်းပေးချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က သံလမ်းအနီး လမ်းလျှောက်နေသောဘင်္ဂလားဒေ့ရှ် နိုင်ငံသားသုံးဦးအား ဖမ်းဆီး ရမိသည်။ အုပ်ချုပ်ရေး ဖြစ်စဉ်မှာ ကောလင်းမြို့ ရေကျော်ရပ်ကွက် တောင်ပိုင်း မီးရထား လမ်းအနီး တွင်သမင်္ကာဖွယ်တွေ့ရှိသူ ရိုဘယ်(ဘ) ဂျာဟင်ဗိုဒင်ဘေပါရီ ဒါကာမြို့ မွန်ဆီဂွန်ခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အီဗရာဟင်(ဘ) ဘေနိုမီရာ၊ ဒါကာမြို့၊ နာရိုင်းကော့ခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အတ္ကတာ(ဘ) ဟူဒူးအလီ၊ ဒါကာမြို့၊ နာရိုင်းကော့ခရိုင်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဖြစ်ပြီး အဆိုပါသုံးဦး တို့အား ကောလင်းမြို့နယ် ရဲစခန်းမှ (ပ)၃ဝ၆/၂ဝ၁၂၊ လဝက အက်ဥပဒေ ၁၃(၁) တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်လာခြင်း ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရွှေမြန်မာ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1