Tuesday, September 25, 2012

ပြိုင်ပွဲဝင်မယ့်သူ တစ်ယောက် အနေနဲ့ မိုက်နဲ့ အရင်ဆုံးရင်းနှီးမှု ယူစေချင်တယ် ချမ်းချမ်း

Ever November | 9/25/2012 09:35:00 AM | Best Blogger Tips

လူတစ်ဦးရဲ့ အတွေး၊ အခေါ် ထင်မြင် ယူဆချက်တွေ အပေါ်မှာ အလေး အနက် ထားပြီး နားထောင် တတ်ဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် ပြည်သူကို ချစ်ကြတဲ့ အနုပညာရှင်တွေနဲ့၊ အနုပညာရှင် တွေကိုချစ်ကြတဲ့ ပြည်သူတွေရဲ့ ကြား မှာ အပြန်အလှန် ပေးချင်တဲ့ Knowledges တွေရှိကြမှာမလွဲပါ ဘူး။
မီဒီယာတွေရဲ့ ထုံးစံအတိုင်းပဲ ဘယ်လို အကြောင်းအရာတွေကို ပရိသတ်တွေ သိအောင် ပြောကြား ချင်လဲ လို့ အနုပညာရှင် တွေကို မေးမြန်း ကြည့်တဲ့အခါ . . . သူတို့က ဒီလို ပြောကြား ခဲ့ ပြန်ပါတယ် . . . အဆိုပြိုင်ပွဲတွေ အစုံရှိလာပြီ၊ ဂီတနဲ့ ပတ်သက်လာရင် ကျယ်ပြန့် လာပြီး ပြိုင်ပွဲဝင်ချင်တဲ့ ဝါသနာရှင် တွေ အနေနဲ့ ရွေးချယ်ခွင့် များလာ ပြီ၊ ဒီပြိုင်ပွဲမရရင် နောက်ပြိုင်ပွဲပေါ့။ တက်လမ်းက အရမ်းဖွံ့ဖြိုး လာပြီး အရမ်းကံကောင်းလာကြ တယ်။
ကိုယ့်ရှေ့က စီနီယာတွေ ခေတ်တုန်းက ဆိုရင် အခွေတစ်ခွေ ထွက်ဖို့အရမ်းရုန်းကန်ရတယ်။ ခွေထွက်လာလို့အောင်မြင်ပြီဆိုရင် လည်း ဝက်ဝက်ကွဲ အောင်မြင်တာ၊ ဒီအချိန်မှာက ခိုးကူးတွေလည်းရှိ တော့ ပရိုဂျူဆာတွေကလည်း တကယ်အရည်အချင်းရှိတဲ့လူတွေ ကိုပဲရွေးပြီးထုတ်ပေးတာ များတယ်။ ဒီလိုမှ မဟုတ်ရင်လည်း ကိုယ့်ဘာ သာကိုယ်ထုတ်ကြတာများတယ်။
အရည်အချင်းရှိတဲ့သူတွေထွက်ပေါ် လာဖို့ ပြိုင်ပွဲတွေက အထောက် အကူပေးတယ် ဆိုတော့ ဝမ်းသာ မိပါတယ်။ ပြိုင်ပွဲဝင်မယ့် သူတစ်ယောက် အနေနဲ့ အကြံပေး ချင်တာက အရင်ဆုံး မိုက်နဲ့ ရင်းနှီးမှု ယူစေချင်တယ်။ တချို့က မိုက်နဲ့ မရင်းနှီးတော့ ဆိုလိုက်ရင် ဟယ်ငါ့အသံက ဒီလိုကြီးလား၊ စတူဒီယိုထဲ ဝင်ရင် ငါ့အသံက ဒီလိုကြီးလား ပေါ့။ အပြင်က အသံနဲ့ အထဲက အသံကမတူဘူးလေ။ ပြိုင်ပွဲဝင်တွေ က အဲဒီလိုမျိုးတွေဖြစ်ဖြစ်နေကြ တယ်။
အပြင်မှာဆိုရင် အသံက ကောင်းတယ် မှန်တယ်။ အထဲမှာ ဆိုလည်း ဆိုရောယောင်ယောင်မှား မှားဖြစ်ပြီး ယိုင်သွားကြတယ်။ အသံ စစ်တာတော့ အောင်တယ်။ ပြိုင် တဲ့အချိန်ကျရင် ပါမလာကြတော့ ဘူး။ အဲဒါနှမျောစရာကောင်း တယ်။ အဲဒါကြောင့် မပြိုင်ခင် အပြင်မှာ ရင်းနှီးမှုတစ်ခုယူထား သင့်တယ်။ ကာရာ အိုကေ၊ စတူဒီယို တွေမှာ အသံအရင်စမ်း သင့်တယ်။ အဲဒီလိုမျိုးတွေအပြင် မှာ အရင်လုပ်ရင်ပိုအဆင်ပြေ လိမ့်မယ်။ အဓိကက ကိုယ်ဘယ် နေရာမှာမှားယွင်းလဲ ဆိုတာ သိပြီး ပြင်လိုက်ရင်အဆင်ပြေသွားမှာပါ။
8 Days Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1