ကမ္ဘာ့လစာ အများဆုံး ဘောလုံးသမား ဖြစ်လာရန် ရှိနေသည့် စီရော်နယ်လ်ဒို
ရုရှား သန်းကြွယ် သူဌေးပိုင်ဆိုင်သည့်
ချယ်လ်ဆီး၊ အာရပ် ဘီလျှံနာများ ပိုင်ဆိုင်ထားသည့် မန်စီးတီး နှင့်
ပီအက်စ်ဂျီ အသင်းတို့သည် စီရော်နယ်လ်ဒိုအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စား
နေကြပြီး မြင့်မားသော လစာငွေ တစ်ရပ်ပေးချေရန် အသင့်ဖြစ်နေကာ ယင်းအား
ခေါ်ယူနိုင်ခဲ့ပါက လက်ရှိ လစာအများဆုံး ကစားသမားဖြစ်သည့် အီတူးကို
ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ရီးရဲလ် အသင်းတွင်
ပေါင် (၇.၉၈)သန်း ရရှိနေပြီး ကမ္ဘာ့လစာ အများဆုံး ကစားသမား စာရင်းတွင် အဆင့်
(၁၀)နေရာ၌ ရပ်တည်နေသူ ဖြစ်ပြီး အသင်းသစ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက
လက်ရှိလစာငွေ၏ (၅၀)ရာခိုင်နှုန်း တိုးမြှင့်ရရှိရန် ရှိနေပြီး ပေါင်
(၁၁.၈)သန်းခန့် ရရှိမည် ဖြစ်သည်။
soccer weekly


No comments:
Post a Comment