Sunday, September 30, 2012

ရွာသား ၅ ဦး သေနတ်ပစ်ခံရ

Ever November | 9/30/2012 10:59:00 AM | Best Blogger Tips

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေးရွာ၌ စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ် (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တရက်တွင် ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံး သွားခဲ့ပါသည်။ ကျန်ရှိသည့် သေနတ်ပစ်ခတ်ခံရသူ ကျော်ဇင်သက် နှင့် ဝင်းသန့်ကို ပုသိမ်ဆေးရုံမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအရေးပေါ်ဌာနသို့ စက်တင်ဘာလ ၂၈ရက်နေ့ ည ၉း၀၀ နာရီအချိန်တွင်
 ရောက်ရှိလာကြောင်း သိရပါသည်။

 ဖြစ်ပွားသည့် အကြောင်းအရင်းကို သက်ဆိုင်ရာများနှင့် အတူလိုက်ပါလာသည့် ကာယကံရှင်မိသားစုများမှ တစုံတရာပြောကြားခြင်း မရှိသေးဘူးဟု သတင်းရရှိပါသည်။
BURMA VJ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1