Thursday, October 25, 2012

Apple ကုမ္ပဏီက စတုတ္ထမျိုးဆက် iPad Mini စတင်ရောင်းချ

Ever November | 10/25/2012 03:19:00 PM | Best Blogger Tips

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျို့စ်မြို့ရှိ ကယ်လီဖိုးနီးယားခန်းမဆောင်၌ Apple ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်သည့် စတုတ္ထမျိုးဆက် iPad Mini ကို တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃၂၉ ဒေါ်လာဖြင့် အောက်တိုဘာ ၁၉ ရက်က စတင်ရောင်းချခဲ့သည်။ ယခုထွက်ရှိသည့် iPad Mini သည် ယခင်ထွက်ရှိထားပြီဖြစ်သော မျက်နှာပြင် ၁၀ လက်မရှိ iPad ထက် အရွယ်အစား အနည်းငယ် သေးငယ်သည်ကို တွေ့ရသည်။ iPad Mini ၏ မျက်နှာပြင်အရွယ်အစားမှာ ၇ ဒသမ ၉ လက်မသာရှိပြီး Multi-touch Screen ကို အသုံးပြုထားသည်။ iPad Mini ၏ အလေးချိန်မှာ သုည ဒသမ ၆၈ ပေါင်သာ အလေးချိန်ရှိပြီး ယခင်ထွက်ရှိထားသည့် တတိယမျိုးဆက် iPad ထက် ၅၃ ရာခိုင်နှုန်း အလေးချိန်ပေါ့သည်။ iPad Mini ၏ အထူမှာ ခဲတံတစ်ချောင်းအရွယ် ၇ ဒသမ ၂ မီလီမီတာခန့်သာရှိပြီး လက်တစ်ဖက်တည်းဖြင့် ကိုင်တွယ်အသုံးပြုနိုင်ရန် စီစဉ်ထုတ်လုပ်ထားသည်ကို တွေ့ရသည်။ iPad Mini တွင် dual-Core A5 Chip, Facetime HD Camera နှင့် ကျောဘက်တွင် 5MP iSight ကင်မရာတို့ ပါဝင်ပြီး 802.11 a/b/g/n WiFi စနစ်တို့ပါဝင်သည်။ ၄င်းတွင် iOS.6 Apple Operating System ကို အသုံးပြုထားပြီး Memory 16 GB ထည့်သွင်းပေးထားသည်ကို တွေ့ရသည်။ ယခုစတင်ဖြန့်ချိလိုက်သည့် Apple iPad Mini ကို အဖြူရောင်နှင့် အနက်ရောင် နှစ်ရောင်သာ ထုတ်လုပ်ထားကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1