Thursday, October 25, 2012

ခြေစွမ်း အကောင်းဆုံး အနေအထား ပြန်ရောက်လာပြီဟု ဖလက်ချာကြွေးကြော်

Ever November | 10/25/2012 02:54:00 PM | Best Blogger Tips
ပြန်လည် ကစားလာနိုင်သည့် ဖလက်ချာ

မိမိ၏ အကောင်းဆုံး အနေအထားကို ပြန်လည် ရရှိလာပြီဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဒါရင်ဖလက်ချာက ကြွေးကြော်လိုက်သည်။
စကော့တလန် လက်ရွေးစင် ကစားသမားသည် အူတွင် ပိုးမွှား ဝင်ရောက်မှုကြောင့် လပေါင်းများစွာ ဘောလုံးကစားခြင်းနှင့် ကင်းကွာခဲ့သော်လည်း ယခုအခါ မန်ယူတွင် အံဝင်စွာ ပြန်လည် ခြေစွမ်းပြ ကစားနေပြီ ဖြစ်သည်။ ဖလက်ချာသည် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များနှင့် လွဲချော်ခဲ့သလို အနားယူနေရသည့် ကာလများတွင် အရန်အသင်း နည်းပြ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်ပေးနေခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ဘောလုံးပြန်ကစားနေပြီ ဖြစ်သလို ချန်ပီယံလိဂ်တွင် (၂)ဂိုးအရှုံးမှ (၃)ဂိုးပြန်သွင်းကာ ဘရာဂါကို အနိုင်ရခဲ့သည့် ပွဲစဉ်တွင် မန်ယူ အလယ်တန်း၌ ဝင်ရိုး ကစားသမားအဖြစ် ပါဝင် ကစားသွားသည်။
ဖလက်ချာက "ကျွန်တော့် ပုံစံကောင်းကို မြန်မြန် ပြန်ရလာပါတယ်။ ပြောရရင် ကျွန်တော် ထင်ထားတာထက်ကို တော်တော်ကြီး ပိုမြန်နေတာပါ။ ဒါဟာ အတွေ့အကြုံပိုင်းက အထောက်အပံ့ ဖြစ်စေခဲ့လို့လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကိုယ့်ခြေစွမ်းက အထက်မြက်ဆုံး မဖြစ်သေးရင်တောင် ကိုယ့်စိတ်က အထက်သန်ဆုံး ဖြစ်နေရင် ပုံစံကောင်း ရလာဖို့  ပိုမြန်ပါတယ်။ ခုတော့ ကျွန်တော့် ခြေစွမ်းပါ ပြန်ကောင်းလာပြီလို့ ထင်ပါတယ်။ ဒါကိုလည်း ခံစားရပါတယ်။ ချန်ပီယံလိဂ်မှာ မိနစ်(၉၀)ပြည့်အောင် ကျွန်တော် ကစားနိုင်ခဲ့ပါပြီ။ ဒါဟာ ယုံဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လက်တွေ့ လုပ်ပြနိုင်ခဲ့ပြီလေ"ဟု ပြောကြားသွားခဲ့သည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1