Thursday, October 25, 2012

ချယ်လ်ဆီးနှင့် (၅)နှစ် သက်တမ်း တိုးဖြစ်မည်ဟု မီခေးလ်၏ အေးဂျင့်ပြောကြား

Ever November | 10/25/2012 09:42:00 AM | Best Blogger Tips
စာချုပ်သက်တမ်း တိုးဖွယ် ရှိသည့် မီခေးလ်

ချယ်လ်ဆီး အသင်းနှင့် (၅)နှစ် သက်တမ်းတိုး စာချုပ်ကို မကြာမီ ချုပ်ဆိုနိုင်ဖွယ် ရှိနေကြောင်း ဂျွန်အိုဘီ မီခေးလ်၏ အေးဂျင့်က ထုတ်ဖော် ပြောကြားလိုက်သည်။

အသက်(၂၅)နှစ်ရှိ ကွင်းလယ်အဖျက် ကစားသမားသည် နွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။ (၂၀၀၆)ခုနှစ်က မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ပိုင်ဆိုင်မှု အငြင်း ပွားပြီးမှ ချယ်လ်ဆီးနှင့် စာချုပ်ဖြစ်ခဲ့သည့် မီခေးလ်၏ အေးဂျင့် ဂျွန်ရှစ်တူးက ယခုအခါ မိမိတို့သည် စာချုပ်သစ် ကိစ္စကို အပြီးသတ် ညှိနှိုင်း လုပ်ဆောင်နေပြီဟု ဆိုသည်။ ချယ်လ်ဆီးသည် မီခေးလ်ကို လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ်ရန် လိုလိုလားလား ရှိနေကြောင်း ရှစ်တူးက ပြောဆိုသွားသည်။
"မီခေးလ်ဟာ မကြာခင် အသင်းနဲ့ (၅)နှစ် သက်တမ်း စာချုပ်ကို လက်မှတ်ရေးထိုးမှာပါ။ လုပ်ခလစာ အချိုးအစားက ပိုပြီး မြင့်တက်လာပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ခုချိန်မှာ စာချုပ်ကိစ္စ အသေးစိတ်ကို အဆုံးသတ် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်"ဟု ရှစ်တူးက ဆိုသည်။ ၎င်းက "မီခေးလ်ဟာ ချယ်လ်ဆီးမှာ စွမ်းဆောင်မှု အတည်ငြိမ်ဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ ကလပ် အသင်းဘက်ကလည်း သူဟာ ပိုကောင်းတဲ့ စာချုပ်သစ်နဲ့ ထိုက်တန်ကြောင်း သဘော တူထားတယ်။ မီခေးလ်ရဲ့ စာချုပ်က သက်တမ်း (၁)နှစ်ပဲ ကျန်တော့တာပါ။ ဒါပေမဲ့ စာချုပ်သစ်အရ အဲဒီအပြင် နောက်ထပ် (၄)နှစ်စာ အသင်းမှာ ဆက်ရှိနိုင်ပါလိမ့်မယ်" ဟု ဆက်လက် ပြောကြားသွားခဲ့သည်။
soccer myanmar 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1