Wednesday, October 31, 2012

တောင်ပေါ်လမ်းပိုင်တစ်ခု ပြုပြင်နေစဉ် မြကျောက်ကြောတစ်ခုကို ရှာဖွေတွေ့ရှိ

Ever November | 10/31/2012 07:46:00 PM | Best Blogger Tips

ကိုလံဘီယာနိုင်ငံမှလမ်းဖောက်လုပ်ရေးအလုပ်သမားအဖွဲ့သည် တောင်ပေါ်လမ်းပိုင်းတစ်ခုအား ပြုပြင်နေစဉ် ၄င်းလမ်းမအောက်တွင် မြကျောက်ကြောတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြေကျောက်ကြောကိုဘိုယာကာဒေသအနောက်မြောက်ပိုင်းရှိ ဝေးလံခေါင်ဖျားသော ဒေသတွင် တွေ့
ရှိခဲ့ခြင်းဖြစ်ပြီး မြကျောက်ကြောတွေ့ရှိမှုသည် ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။ ပေ ၁၆၀၀ အရှည်ခန့်ရှိ တောင်ပေါ် လမ်းပိုင်းတစ်ခု မြေပြိုမှုကြောင့် လမ်းပြုပြင်နေစဉ် ကျောက်ဖောက်အဖွဲ့မှ အလုပ်သမား တစ်ဦးဖြစ်သူ ဂျူလီယံကော်ရီးယားက အရောင်တောက်ပနေသည့် မြကျောက်အချို့ကို စတင်တွေ့ရှိခဲ့ရာမှ လမ်းအောက်တွင် မြကျောက်ကြော ရှိသည်ကို သိရှိရခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ မြကျောက်များအနက် ၆၀ ရာခိုင်နှုန်းနီးပါးသည် ကိုလံဘီယာနိုင်ငံမှ ထွက်ရှိခြင်းဖြစ်ပြီး ဘိုယာကာဒေသသည် ကိုလံဘီယာနိုင်ငံ၏ အဓိကတွင်းထွက်ပစ္စည်းများ ထွက်ရှိသည့် နေရာများအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရသည်။ ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရန် အလို့ငှာ ဒေသခံ ရဲတပ်ဖွဲ့များသည် ထိုလမ်းမကြီးကို စောင့်ကြပ်ဝိုင်းရံထားကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1