Wednesday, October 31, 2012

CDMA 800 သုံးခွင့်ရဧရိယာ ချဲ့ထွင်ပေးရန် အစီအစဉ်မရှိ

Ever November | 10/31/2012 08:00:00 PM | Best Blogger Tips

CDMA 800 MHz ဖုန်းများအား တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုခွင့် ကို ဆောင်ရွက်ပေးရန် အစီအစဉ် မရှိတော့ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ရန်ကုန်ဖုန်းဟု အမည်တွင်ခဲ့သည့် အဆိုပါ CDMA 800 MHz များမှာ လက်ရှိတွင်တိုင်းဒေသကြီး နှင့်ပြည်နယ်မြို့အချို့သို့သာသယ် ဆောင်သုံးစွဲနိုင်ပြီး တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုခွင်မရ ရှိသေး ပေ။”ဒီဖုန်းတွေအသုံးပြုနိုင်ဖို့မြို့တိုင်းမှာမတပ်ထားပါဘူး။


အဓိကကျတဲ့ ပြည်နယ်တိုင်းမြို့ကြီး တွေမှာပဲ တပ်ဆင်ထားတယ်။ ဒါကြောင့် ဒီမြို့တွေကျော်သွားရင် အသုံးပြုလို့ ရမှာမဟုတ်ဘူး။ ဥပမာ စစ်ကိုင်း တိုင်းဒေသကြီးဆိုရင် မုံရွာ ရတယ်။ မုံရွာကနေ ခွဲထွက်ပြီး ပခုက္ကူရောက်ရင် သုံးလို့မရဘူး။ ဒါ တွေကို တိုးချဲ့လုပ်ဖို့တော့မရှိဘူး။ ဒါတွေက နောက်ပိုင်း တွင်တွင် ကျယ်ကျယ် သုံးမှာမဟုတ်တော့ ဘူး။ 3G စနစ်ကိုပဲ နောက်ပိုင်း သုံးစွဲတော့မှာ ဆိုတော့ ခေတ် နောက်ကျတဲ့စနစ်ကို မလုပ်တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြော သည်။ လက်ရှိတွင် CDMA 800 MHz သုံးစွဲနိုင်သည့် မြို့များမှာ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မုံရွာ၊ တောင်ကြီး၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ ပြည် ၊ နေပြည်တော် စသည့်မြို့များဖြစ်ပြီး ၄င်းမြို့သို့ သွားရာ ခရီးလမ်း တစ်လျှောက်တွင် အသုံးပြုနိုင်ခြင်းမရှိဘဲ CDMA 450 MHz Roaming ရှိသည့် မြို့ များတွင်သာ ဟန်းဆက်ပြောင်း၍ သုံးစွဲနိုင်ကြောင်း သိရသည်။

”ဖုန်းတစ်လုံး ဝယ်ပြီး ဟန်းဆက် နှစ်မျိုးဆောင် ထားရမယ့် အဖြစ်ပါ။ ဒါတောင် ၄၅ဝ သုံးလို့ မရတဲ့မြို့ဆိုရင် ဘာမှသုံးလို့ရမှာ မဟုတ်ဘူး။ ဒီဖုန်း တွေ ဆက်ရောင်း နေသေးတာပဲ။ နယ်မြေလည်း တိုးချဲ့ပေးသင့် တာပေါ့။ အခုတော့ ဖုန်းဝယ်ထားတာချင်း အတူတူ နှစ်သိန်းတန် ဖုန်းလောက် အသုံးပြုခွင့် မရတာ စိတ်ပျက်စရာပါ”ဟု CDMA 800 MHz ဖုန်းကိုင်ဆောင်ထားသူ ကိုဇေယျာက ပြောသည်။

CDMA 800 MHz ဖုန်းများကို ၂ဝ၁ဝ နှစ်ဆန်းပိုင်းတွင် ကျပ်ငါးသိန်းနှုန်းဖြင့် စတင်ရောင်းချ ခဲ့ပြီး ထိုအချိန်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့တွင်သာ သုံးစွဲ ခွင့်ပြုထားသည်။ ၂ဝ၁၁ ခုနှစ်တွင် အင်တာနက် သုံးခွင့်ကို ကျပ် သုံး သောင်းဖြင့် လျှောက်ထားခွင့်ပေး၍ နယ်မြေသယ်ဆောင်ခွင့် တိုးချဲ့ပေး ခဲ့သည်။ လက်ရှိတွင် CDMA 800 MHz ဖုန်းများကို ကျပ်နှစ် သိန်းခွဲ ဖြင့် ရောင်းချလျက်ရှိနေပြီး အင်တာနက် လျှောက်ထားခွင့်ကို ကျပ် တစ်သောင်းသို့ လျှော့ချပေးထား ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
Popular

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1