Friday, October 12, 2012

''မေသက်ခိုင်အတွက် အမှတ်တရ နေရာလေးတစ်ခု"

Ever November | 10/12/2012 04:33:00 PM | Best Blogger Tips

မေသက်ခိုင်က ဒါရိုက်တာဝိုင်းရိုက် ကူးတဲ့ “အချစ်ဆိုသည်မှာ” ဇာတ်ကား ကို ရိုက်ကူး နေပါတယ်။ ဒီ ဇာတ်ကားကို ရိုက်ကူးတဲ့နေရာ က မေ သက် ခိုင် အတွက် အမှတ်တရ ဖြစ်စေသလို ပရိသတ်တွေက မေသက်ခိုင်ရယ် လို့ စသိခဲ့တဲ့ “မိုး” သီချင်း ရိုက်ကူးခဲ့တဲ့ ဝါးရွှေဝါလမ်းမှာ ပြန်ရိုက် ကူးရ တာကြောင့် ဒီဇာတ်ကားက အမှတ် တရပါပဲလို့ ဆိုပါတယ်။ “ဒီလမ်းလေး က”မိုး” သီချင်းဗီစီဒီကို ဒါရိုက်တာကိုဝိုင်းနဲ့ပဲ စရိုက်ခဲ့တာ။ လွန်ခဲ့တဲ့ ငါးနှစ်လောက် ကပေါ့။ ခုဒီကားမှာ ထပ်ပြီး ရိုက်ရ တာ ပေါ့။ မေ သက်ခိုင် ဆိုပြီး ပရိသတ် တွေသိ သွားတဲ “မိုး” သီချင်းနေရာလေးက အမှတ် တ ရပေါ့။ ကိုဝိုင်းက သင်ပေးခဲ့တာ။ အခုလည်း ကားရိုက်တော့ ကိုဝိုင်းက သင်ပေး ပေမယ့် သူ့ကိုတအား ကြောက် တော့ သူ့ရှေ့ရောက်ရင် မ သိတော့ ဘူး။ အိုက်တင်ဆိုလည်း အပြစ်မှန်သမျှ အကုန် ထောက်ပြတယ်။ ဒါကလည်း ကိုယ်ကောင်းဖို့ အတွက်ပဲလေ။ ဆရာလိုလည်း ဖြစ်တယ်။ အသစ်ဘဝ မေသက်ခိုင် ဆိုတာကို ကိုဝိုင်းက ဗီစီဒီမှာခေါ်ရိုက်တယ်။ အဲဒီကနေ ပရိသတ်တွေ သိလာတာ။ တကယ် ကိုယ့်ရဲ့လက်ဦး ဆရာ လိုဖြစ် နေတာ” လို့ဆိုပါ တယ်။ မေသက်ခိုင်က ဇာတ်ကား ရိုက် ကူးေ ရး တွေ အပြင် နယ်တွေကိုလည်း ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရ တဲ့အ တွက် ဖျော်ဖြေရေးအနေနဲ့ သီချင်းဆိုဖြစ်နေ ကြောင်း ကိုလည်း ပြောပြခဲ့ပါ တယ်။

မေမွန်မောင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1