Friday, October 12, 2012

တရုတ်အနောက်မြောက်ပိုင်း၌ မီးလောင်မှုဖြစ်ပွား

Ever November | 10/12/2012 02:36:00 PM | Best Blogger Tips

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်စီပြည်နယ်တွင် အောက်တိုဘာ ၁၀ ရက်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်နေရာ၌ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ၁၂ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ အဆိုပါ မီးလောင်မှုသည် ရှန်စီပြည်နယ် ကျို့ကျီစီရင်စုရှိ ရေလမ်းကြောင်းလွဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်း အလုပ်သမားများ အိပ်ဆောင်နေရာ၌ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းမီးလောင်ခံရမှုကြောင့် ဒဏ်ရာရရှိသူ ၂၂ ဦးမှာ ဆေးရုံ၌ အရေးပေါ် ဆေးကုသမှုခံယူနေကြောင်း၊ နှစ်ဦးမှာ ဒဏ်ရာမပြင်းထန်သဖြင့် ဆေးရုံမှဆင်းလာကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1