Friday, October 12, 2012

ဒုတိယ တစ်ကိုယ်တော် အယ်လ်ဘမ် အတွက် ကြိုးစားနေချိန်မှာ အပြောင်း အလဲများကြောင့် အားတက်လာတဲ့ မေစံပယ်ညို

Ever November | 10/12/2012 04:22:00 PM | Best Blogger Tips

'ကြည်နူးခွင့်' တစ်ကိုယ်တော်အယ်လ်ဘမ် နဲ့အောင်မြင်မှုများကို သိမ်း ပိုက်နိုင်ခဲ့တဲ့ မေစံပယ်ညို က ဒုတိယ တစ်ကိုယ်တော် အယ်ဘမ်အတွက် လှုပ်ရှား လုပ်ဆောင်နေပြီဖြစ်တယ်လို့ ပြောလာပါတယ်။"အခု ဒုတိယ တစ် ကိုယ်တော်အတွက် လုပ်တော့လုပ်နေတယ်။ ဒါပေမဲ့ ပြီးတော့ မပြီးသေး ဘူး။ အမှန် အတိုင်းပြောရရင် အမြန်ပြီးချင်တယ်။ ပြီးတာနဲ့ တစ်ခါတည်း ထုတ်ချင်တယ်။ ပထမ အခွေတုန်းက ပေါ့ပ် အအေးလေးတွေပဲဆိုတော့ အခု ဒုတိယ တစ်ကိုယ်တော် အခွေမှာတော့ အမြူးလေးတွေကို ထည့်သွား မယ်။အေးအေးလေးတွေလည်း ပါမှာပါ။ ဘာလို့လဲ ဆိုတော့ တစ်ခွေ လုံးအေး တဲ့ သီချင်း တွေချည်းပဲဆိုရင် ပရိသတ်တွေ ပျင်းနေ မှာပေါ့။ မျှအောင် လို့တော့ လုပ်ထားတယ်" လို့ မေစံပယ်ညို က ဒုတိယ ထွက်ရှိ လာ မယ့် တစ် ကိုယ်တော် အယ်လ်ဘမ် အတွက်ပြောပါတယ်။ အခုမှ စ တင် လုပ်နေ တာဖြစ်တဲ့ အတွက် အခွေရဲ့ခေါင်းစီး(Title)ကိုတော့ မရွေး ရသေးဘူးလို့ ပြောပါတယ်။ အရင် လုပ်ခဲ့တဲ့ တစ်ကိုယ်တော်အခွေတုန်းက ဂီတ အစည်းအရုံး အပြောင်းအလဲ မရှိသေးပေမယ့် အခု အချိန်မှာတော့ အားလုံးပြောင်းလဲ လာနေပြီဖြစ်တဲ့အတွက် အတော်လေးကို အားတက် လာ တယ်လို့ မေစံပယ်ညိုက ပြောပါတယ်။

"အရင် တစ်ကိုယ်တော် တုန်းက ကိုယ်ဆိုမယ့် သီချင်းအတွက် ပိုက် ဆံ စုလိုက်၊ သီချင်းလေးပြေးလုပ်လိုက်နဲ့ပေါ့။ ပြီးတော့ ပိုက်ဆံပြန် ကုန် သွားလိုက်နဲ့ ဖြစ်နေတော့ စုမိတာမရှိ သလောက် ဖြစ်သွားတယ်။ ပြီးတော့ အဲဒီတုန်းက တစ်ယောက်တည်း ရုန်းကန်ပြီး ကိုယ့်ဘာသာ ကိုယ် လုပ် ရတော့ အားမရှိဘူးပေါ့။ အခု အချိန်ကတော့ သူတို့တွေကလည်း ဝိုင်း ဝန်း လုပ်ပေး လာပြီဆိုတော့ အားတက် လာတယ်။ ပြီးတော့ ကိုယ့်ဘာ သာ ကိုယ် တစ်ကိုယ် တော်ကို ထုတ်ဖို့အတွက် ပိုပြီး တော့ အားရှိလာတယ်။ အရင်က အခွေထုတ်လိုက်တာပဲရှိတယ်။ အရင်းတောာင် ပြန်မရပါဘူး။ တစ်နှစ်ပတ် လုံး သီချင်းဆို ပိုက်ဆံစုပြီးမှ လုပ်ရတဲ့ အရာတွေလေ။ သီ ချင်းတွေ ကတော့ အောင်မြင်တယ်။ အခု လိုပြောင်းလဲ လာတော့ ပို ပြီးတော့ အ ဆင်ပြေ လာပြီ။ FM တွေဆီက ရပိုင်ခွင့်တွေ ကို လည်း လုပ်ပေးနေပြီ။ တဖြည်းဖြည်း နဲ့ဂီတ လောကပြန်ကောင်းလာဖို့ရှိလာမှာပါ" လို့ မေစံပယ်ညိုက ရှင်းပြပါတယ်။ အခု လက်ရှိ မှာ တော့ 2 Ladies Show ဗီစီဒီ အခွေထွက်ရှိထားပြီး၊(NGIIK) အဖွဲ့အနေနဲ့လည်း တတိ ယ မြောက်စီးရီး အယ်လ်ဘမ် ကို ထုတ်ဖို့ကြိုးစားနေကြကြောင်း သိရပါ တယ်။
ထက်လူလူ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1