Sunday, October 14, 2012

အချစ်ဆိုတာ ကိုယ့်အတွက်တော့ စွန့်လွှတ်ခြင်းပါပဲ ဆိုတဲ့ ဖွေးဖွေး

Ever November | 10/14/2012 06:00:00 PM | Best Blogger Tips

ဖွေးဖွေးရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်က သဘောကျ နှစ်ခြိုက်ကျတဲ့ အပြင်  ခုနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ဗီဒီယိုတွေ ကလည်း ပေါက်ကားတွေဖြစ် ခဲ့ပြန်ပါတယ်။ ရုပ်ရှင်ကားကြီးတွေ လည်းတောက်လျှောက် ရိုက်ကူး ခွင့်ရ လာတဲ့ မင်းသမီး ငယ်တစ်ယောက် လည်းဖြစ်ပါတယ်။ သူ့ကို ဒီတစ်ပတ်ရဲ့ 8 DAYS Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။
Q. ဖွေးဖွေး၊ အောင်ရဲလင်း၊ဟိန်းဝေယံနဲ့ရိုက်တဲ့ ရုပ်ရှင်ကားကြီးမှာဖွေးဖွေးရဲ့ ဇာတ်ရုပ်က
A.အရမ်းကြောက်တတ်တဲ့၊ ခပ်အေးအေးနေပြီး ရှက်တတ်တဲ့၊ သတ္တိမရှိတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။
Q. ဒီနှစ်မှာ ဖွေးဖွေး ရုပ်ရှင်ကားကြီး တွေတော်တော် ရိုက်ရတဲ့နှစ်နော်။ ဒီနှစ်က ဖွေးဖွေးအတွက် ဘယ်လိုနှစ်မျိုးလဲ။
A. ဖွေးဖွေးကတော့ ဒီလိုပါပဲ။ ပုံမှန်အလုပ်တွေကတော့ ကြိုးစားနေတာပဲ။ ကံကောင်းတဲ့နှစ် လို့လည်းပြောလို့ရတာပေါ့။
Q.ဆင်ဆာတွေလျှော့ပေါ့လာတဲ့အပေါ် ဖွေးဖွေးတို့အလုပ်လုပ်ရတာ
A.ဆင်ဆာကအမှန်တော့လည်း အဝတ်အစားတွေဝတ်ရတာ အဆင်ပြေလာတယ်။ အရင်ကဆိုရင် အပြင်မှာဝတ်ရတဲ့အဝတ်အစား ကသပ်သပ်၊ ရိုက်ကူးရေးမှာဝတ်ရတဲ့ အဝတ်အစားကသပ်သပ် ကြီးဖြစ်နေ တယ်။ ခုကျတော့ အဝတ်အစားကအစ Update ဖြစ်တာတွေခွင့်ပြုလာတော့ နှစ်ခါ မကုန်တော့ဘူးပေါ့။
Q. ဖွေးဖွေးစိတ်ကြိုက်သရုပ်ဆောင်ချင်တဲ့ပုံစံက A. ဖွေးစိတ်ကြိုက်ဆိုရင် ဖွေးအမြွှာပုံစံ၊ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ချင်တယ်။ နောက် Action ကားလိုပုံစံမျိုးရိုက်ချင်တယ်။ ကိုယ့်ကို တစ်လလောက် တကယ်ကို သင်တန်းပေးထားပြီး ကြွက်သွားတွေဘာတွေထွက်အောင် လုပ်ပြီး တကယ့်ကိုအက်ရှင်ကားအကြီးကြီးရိုက်ချင်နေတယ်။
Q.ကိုယ့်ကိုယ်ကိုယ်ရော အဲဒီလောက်လုပ်နိုင်မယ်လို့ထင်လား။
A.ဟုတ်ကဲ့ ၊အစွမ်းကုန်တော့ ကြိုးစားရမှာပဲ။ ဖွေးဖွေးက အခွင့်အရေးရခဲ့ရင် ဘယ်အခွင့်အရေးမဆို အဆုံးစွန်ကြိုးစားတဲ့စိတ်တော့ရှိတယ်။
Q. ဖွေးဆီကိုလာတဲ့ ဇာတ်ရုပ်တွေကို ဘယ်လိုအချက်အလက်တွေကြည့်ပြီး လက်ခံလေ့ရှိလဲ။
A. ဖွေးဇာတ်ရုပ်တွေရွေးတယ်။ ဒါပေမဲ့ ဆယ်ကားမှာ ဖွေးစိတ်ကြိုက်က ၆ ကား၊ ၇ ကား၊လောက်ပဲပါတယ်။ ကျန်တဲ့ဟာကနီးမှ ဇာတ်လမ်းကို အရမ်းကြီး မရူးသွပ်ဘဲ ရိုက်လိုက်ရတာမျိုး တစ်ခါတလေတော့ ရှိတတ်ပါတယ်။ဒါပေမဲ့ ရိုက်တဲ့ကားတိုင်းတော့ သေချာ စိစစ်ရွေးချယ်ပြီး ရိုက်တာများ တယ်။ ဇာတ်မှာ ကိုယ်နဲ့အပြိုင်ဇာတ်ရုပ်က ဘာလဲဆိုတာမျိုးက အစကြည့်တယ်။ ကားတစ်ကားမှာကိုယ်တစ်ယောက်တည်း အရမ်းချွန် ထွက်ပြီး ကောင်းနေရင်လည်း မကောင်းဘူး။
Q. 'အလှဖန်တီးရှင်' ဇာတ်ရုပ်နဲ့ 'ကာလာစုံအချစ်'က ဇာတ်ရုပ်ဆင်မနေလွန်းဘူးလား။
A.အဲဒီအတွက် ဖွေးစဉ်းစားပါတယ်။ 'အလှဖန်တီးရှင်'မှာကဟာသ ပိုများတယ်။ 'ကာလာစုံ အချစ်' မှာကျတော့ တကယ့်ကို ခပ်ပိန်းပိန်းမိန်းမပုံ စံဟာသတွေ မလုပ်ထားဘူး။
Q. ဖွေးဖွေးကိုမလှဘူး။ ဒါပေမဲ့ချစ်စရာကောင်းတယ်ဆို တဲ့ဝေဖန်ချက်ပေါ်မှာဖွေးဖွေးအမြင်က
A.ဖွေးဖွေးဝေဖန်မှုတိုင်း ကိုကြိုဆိုပါတယ်။ အမှန်တကယ်ပြောရင် ဖွေးဖွေးကိုယ့်ကိုယ်ကိုယ်လှတယ် လို့လည်းမထင်ဘူး။ ချစ်စရာကောင်းတယ်လို့လည်းမထင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ကြိုက်တယ်။
Q. 'လက်ပံ'ကရော ဘယ်တော့လောက်ပရိသတ်ရှေ့ရောက်မှာလဲ။
A. ဖွေးဖွေးလည်း'လက်ပံ' ရုံတင်မယ့်ရက်ကိုစောင့်နေပါတယ်။ ဖွေးဖွေးနဲ့အတူစောင့်ပြီးတော့ အားပေးကြပါလို့။
Q.အဲဒီကားနဲ့သာ ဖွေးဖွေးထူးခြားမှုတစ်ခုခုရခဲ့ရင်
A.ရုံတောင်မတင်ရသေးဘူး။ အဲဒါတွေဘာမှမတွေးထားဘူး။
8 Days Journal 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1