Sunday, October 14, 2012

CDMA 800 ဖုန်းများ နယ်မြေဧရိယာ ကန့်သတ်ခံရခြင်းသည် အဆင်မပြေ

Ever November | 10/14/2012 06:03:00 PM | Best Blogger Tips

ကျပ်ငါးသိန်း CDMA 800MHz ဖုန်းများ နယ်မြေကန့်သတ် ချက်ဖြင့်သာအသုံးပြု နေရ သည့်အတွက် ခရီးသွားလာရာ၌ အဆင်မပြေမှုများ ကြုံ တွေ့နေ ရကြောင်း သုံးစွဲသူအချို့ထံမှ သိရသည်။ ရန်ကုန်ဖုန်းဟု အမည်တွင် ခဲ့သည့် CDMA 800 MHz ဖုန်း များမှာ ရန်ကုန် မြို့တွင်သာ သုံးစွဲ မှုကောင်း မွန်ပြီး နယ်မြို့များတွင် ဂျီဖုန်းများကဲ့သို့ အသုံးပြုနိုင်ခြင်း မရှိပေ။”နှစ်သိန်းတန် ဂျီဖုန်းတွေ တောင် ဘယ်မြို့ယူ ယူအသုံးပြုလို့ရ တယ်။ ငွေငါးသိန်း အကုန်ခံပြီး ဖုန်းဝယ်ထား တာ တောင်နှစ်သိန်း ဖုန်းလောက် အသုံးမပြုနိုင်ဘူး”ဟု ရန်ကုန်မှ ပုပ္ပားသို့ ခရီးသွား ခဲ့သူ ကိုအောင်နိုင်က ပြောသည်။CDMA 800 MHz ဖုန်းသည် ပုပ္ပားနှင့် ဆက်စပ် နေသည့် မိတ္ထီ လာ၊ ပုဂံ-ညောင်ဦး ကျောက်ပန်း တောင်း စသည့် မြို့များအားလုံး တွင် အသုံးမပြုနိုင်ခဲ့ကြောင်း သိရသည်။
”မြန်မာနိုင်ငံမှာ အထင်က ရရှိတဲ့ ပုဂံလို နေရာမျိုး၊ ပုပ္ပားလို နေရာမျိုးတော့ CDMA 800 MHz ဖုန်းတွေ သုံးစွဲခွင့်ပေးသင့်ပါတယ်။ ဖုန်းတစ်လုံးဝယ်ပြီး ဘယ်မှ ခရီး သွားလို့မရဘူးဆိုရင် စရောင်းကတည်းက မဝယ်ပါဘူး။ ဖုန်းတွေ ထပ်ရောင်း ဖို့ပဲ လုပ်နေတယ် ဆိုရင် ဖုန်းတွေ တစ်နိုင်ငံလုံး အသုံးပြုလို့ ရအောင်လည်း လုပ် ပေးသင့်ပါ တယ်”ဟု CDMA 800 MHz ကိုင် ဆောင်သူ ကိုအောင်ဇေယျကပြောသည်။ယင်းသို့ CDMA 800 MHz ဖုန်းများ နယ်မြေကန့်သတ် သုံးစွဲ နေရသည်မှာ ဖုန်းများ စတင်ရောင်း ချသည့် ကာလမှ စတင်၍ ယနေ့ အချိန်အထိ ဖြစ်ပြီး မြို့အချို့ကိုသာ နယ်မြေကန့်သ တ်ချက် ပယ်ဖျက် ပေးခဲ့ ကြောင်း သိရသည်။ လက်ရှိ CDMA 800 MHz ဖုန်းများ သယ်ဆောင်အသုံးပြုနိုင်သည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ ပြင်ဦး လွင်၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ ပုသိမ်၊ မုံရွာ၊ ပြည်စသည့် မြို့များသာ ဖြစ်ပြီး ၄င်းမြို့များသို့ သွားရောက် သည့် လမ်းများတွင်မူ ဖုန်းလိုင်း ပြတ်တောက်မှုများ ရှိနေေ ကြာင်း သုံးစွဲသူ အချို့ထံမှ သိရသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက CDMA 800 MHz ဖုန်းများ နယ် မြေတိုးချဲ့ အသုံးပြု နိုင်ရန်အတွက် မြို့ပေါင်း ၁၄ မြို့အထိ သုံးစွဲနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ လတ် တလောအနေဖြင့် အချက်အချာကျ သည့် မြို့ ၁ဝမြို့နီးပါး သုံးစွဲခွင့် ပေးထားကြောင်း၊ ကျန်ရှိနေသည့် မြို့ များ မှာ CDMA 450 MHz သုံးစွဲခွင့်မရသည့် မြို့နှင့်Roaming မဖွင့်ရသေး သည့် မြို့များသာ ကျန်ရှိ နေကြောင်း၊ ယင်းကို လာမည့်နှစ် စီမံကိန်း ကာလများတွင် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဂျီဖုန်း ထုတ်လုပ်ရောင်းချရေးနှင့် ကျေးလက် ဒေသဖုန်း အသုံးပြုနိုင်ရေး အတွက်ဆောင် ရွက်နေသည့် အတွက် အချိန်ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ပြောသည်။ CDMA 800 MHz ဖုန်းများကို ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ချ ထားပေးခဲ့ပြီး ယနေ့အချိန်အထိ လူကြိုက် များသော ဖုန်းအမျိုးအစားတစ်ခု ဖြစ်သည်။ 
Popular News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1