Wednesday, October 31, 2012

ပတ်စ်ပို့သက်တမ်း ငါးနှစ် ပေးတော့မည်

Ever November | 10/31/2012 07:21:00 PM | Best Blogger Tips

နိုင်ငံကူးလက်မှတ်များကို ငါးနှစ်အထိ သက်တမ်းတိုးမြှင့် ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လာမည့် နိုဝင်ဘာ ၁ ရက် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများမှ စတင်၍ နိုင်ငံကူးလက်မှတ်ကို ငါးနှစ်ထိ သက်တမ်းတိုးမြှင့် ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း ယခင်ပုံမှန် အတိုင်းသာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ “အများပြည်သူတွေ အဆင်ပြေ သက်သာစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုလုပ်ရတာ ဖြစ်ပါတယ်။ ဒီလို သက်တမ်းတိုးလိုက်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ ကုန်ကျစရိတ်ကတော့ အရင်အတိုင်း ပုံမှန်ပါပဲ။ သင်္ဘောသား ပတ်စ်ပို့၊ အလုပ်သမား ပတ်စ်ပို့တွေလဲ အကုန်လုံး ငါးနှစ်သက်တမ်း ဖြစ်သွားပါပြီ။ နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားတဲ့သူတွေ အနေနဲ့လဲ လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ လိုအပ်တယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ ယခင်က သင်္ဘောသား ပတ်စ်ပို့ ငါးနှစ်၊ အလုပ်သမား ပတ်စ်ပို့ လေးနှစ်နှင့် အခြားပတ်စ်ပို့များမှာ သုံးနှစ် သက်တမ်း ရှိရာမှ ယခုကဲ့သို့ ပတ်စ်ပို့အားလုံး ငါးနှစ်သက်တမ်း ပေးလိုက်ခြင်းသည် နိုင်ငံတော်၏ ပွင့်လင်းမြင်သာပြီး အမျိုးသား အကျိုးစီးပွားအတွက် ဆောက်ရွက်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများက သုံးသပ်ပြောဆိုကြသည်။ “အခုလို ပတ်စ်ပို့သက်တမ်း အကုန်လုံး ငါးနှစ်ဖြစ်တော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့သူတွေ အကုန်လုံးအတွက် ပိုအဆင်ပြေသွားတာပေါ့။ ကုန်ကျစရိတ် ပုံမှန်ဆိုတော့ အစစအရာရာ အကုန်လုံး အဆင်ပြေတယ်” ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1