Wednesday, October 24, 2012

ဒူဘိုင်းမှ ပျံသန်းလာသော လေယာဉ်အတွင်းမှ ရွှေချောင်းများ သိမ်းဆည်းရမိ

Ever November | 10/24/2012 12:26:00 PM | Best Blogger Tips

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယအကြီးဆုံး လေဆိပ်ရှိ အကောက်ခွန်အရာရှိများက ဒူဘိုင်းမှ ပျံသန်းလာသည့် လေယာဉ်တစ်စင်း အတွင်းမှ အလေးချိန် ငါးကီလိုဂရမ်ခန့်ကို ရွှေချောင်း ၄၁ ချောင်းကို အောက်တိုဘာ ၂၂ ရက်က သိမ်းဆည်းရမိကြောင်း အရာရှိ တစ်ဦးက ပြောကြားသည်။ ဘီမဲန်း ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း လေယာဉ် တစ်စင်းပေါ်မှ အလေးချိန် ငါးကီလိုဂရမ် ရွှေချောင်း ၄၁ ချောင်းကို မိမိတို့ သိမ်းဆည်းရမိခဲ့ကြောင်း လေဆိပ်ရှိ ကုန်ပစ္စည်းအကောက်ခွန် ထောက်လှမ်းရေးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ရွှေချောင်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာအရှေ့တောင်ဘက် ၄၂ ကီလိုမီတာခန့်အကွာ တာဂွန်မြို့ ရှိုက်အမာနတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ၄င်းအရာရှိက အောက်တိုဘာ ၂၂ ရက် နံနက်တွင် ပြောကြားခဲ့သည်။ သတင်းပေးပို့ချက်တစ်ရပ် ရရှိပြီးနောက် အကောက်ခွန်အရာရှိများက အငိုက်ဖမ်း ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ယင်းရွှေချောင်းများကို ဘီမဲန်းလေယာဉ်၏ ခုံတန်းတစ်တန်းကြား အိတ်တစ်လုံးအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းအရာရှိက ဆက်လက်ပြောကြားသည်။ လေဆိပ်၌ အဆိုပါ သိမ်းဆည်းရမိမှုနှင့် ဆက်နွှယ်ပြီး တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိဟု ဆိုသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1