Wednesday, October 24, 2012

ရှက်တာနှင့် ပွဲတွင် ရှုံးနိမ့်သော်လည်း ပိုမို ကောင်းမွန်စွာ ကစားနိုင်ခဲ့ကြောင်း ဒီမက်တီယို သုံးသပ်

Ever November | 10/24/2012 12:18:00 PM | Best Blogger Tips

ရှက်တာဒိုးနက်ခ်အား အရေး နိမ့်ခဲ့သော ပွဲစဉ်တွင် ချယ်လ်ဆီးသည် အသင်းတစ်သင်း အနေဖြင့် ပိုမို ကောင်းမွန်စွာ ကစားနိုင်ခဲ့ကြောင်း မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက မှတ်ချက်ပြု ပြောဆိုခဲ့သည်။
လက်ရှိ ဥရောပ ချန်ပီယံ အသင်းသည် ယူကရိန်းမြေတွင် စိတ်ပျက်ဖွယ် ရလဒ်မျိုးကိုသာ တွေ့ကြုံခဲ့ရပြီး ရှက်တာက တစ်ပွဲလုံး ဦးဆောင်ထားကာ (၈၈)မိနစ်ကျမှ အော်စကာက သိက္ခာဆည် ချေပဂိုး တစ်ဂိုး ပြန်သွင်းယူပြီး (၂-၁)ဖြင့် ပွဲပြီးခဲ့သည်။ နည်းပြ မာဆီယာ လူဆက်စကူ၏ အသင်းသည် ချယ်လ်ဆီးအား အိမ်ကွင်း ပရိသတ် ရှေ့မှောက်တွင် အကောင်းဆုံး ဖိအားပေး ကစားကာ (၃)မှတ် ပိုင်ဆိုင်ခဲ့သည်။ ၎င်းတို့သည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် နိုဝင်ဘာလ (၇)ရက်နေ့၌ ချယ်လ်ဆီးအား တစ်ကျော့ပြန် ရင်ဆိုင်လာမည် ဖြစ်သည်။
ဒီမက်တီယိုက ချယ်လ်ဆီးသည် ယခုပွဲ ရလဒ်ကြောင့် အုပ်စုတွင်း နောက်တစ်ကြိမ် ခြေချော်ခွင့် မရှိတော့ဟု ဆိုသည်။ "ရှက်တာရဲ့ စွမ်းဆောင်ရည်ကို အမှန်အတိုင်း ဆန်းစစ်ဖို့ လိုပါတယ်။ သူတို့ဟာ သိပ်ကို တောင့်တင်းတဲ့ အသင်း တစ်သင်းပါ။ အထူးသဖြင့် အိမ်ကွင်းမှာပေါ့။ ဒါကို ခုပွဲမှာ လက်တွေ့ ပြခဲ့ပါပြီ။ ချန်ပီယံလိဂ်မှာ ပွဲတိုင်းက ခက်ခဲပြီး ပြိုင်ဆိုင်မှု ပြင်းထန်လွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ အသင်းတစ်သင်းအဖြစ် ပိုကောင်းခဲ့တယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်တစ်ဆင့်ကို တက်ဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်းတွေ ရှိနေဆဲပါ။ ရှက်တာကို နောက်ပွဲမှာ သေချာပေါက် ပြန်ပြီး အနိုင်ကစားသွားပါမယ်" ဟု ဒီမက်တီယိုက ပြောကြားခဲ့သည်။

ယခုပွဲတွင် ချယ်လ်ဆီး ကွင်းလယ်လူ ဖရန့်ခ်လမ်းပတ် ဒဏ်ရာရသွားခြင်းကလည်း အသင်းအတွက် အပိုဆောင်း ထိုးနှက်ချက်တစ်ခု ဖြစ်လာကြောင်း သတင်းများက ဖော်ပြသွားသည်။ အသက်(၃၃)နှစ်ရှိ လမ်းပတ်သည် ခြေသလုံးကြွက်သား နာကျင် လာမှုကြောင့် ပွဲချိန် (၁၈)မိနစ် ကတည်းက အီဒင်ဟာဇက်နှင့် လူစား လဲခဲ့ရသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1