လီဗာပူးလ်နှင့် အာဆင်နယ်အသင်းများ၏ပစ်မှတ်ထားခြင်းကိုခံနေရသည့်လူးဝစ် ဟော့တ်ဘီ၏ အေးဂျင့်က အင်္ဂလန် ကလပ်များသို့ ပြောင်းရွှေ့ ကစားရန် စဉ်းစားနေကြောင်း အတည်ပြု ပြောကြားလိုက်သည်။
ဂျာမန်ကလပ် ရှော်လ်ကေးနှင့် စာချုပ်သက်တမ်း တိုးရန် အဆင်မပြေ ဖြစ်ခဲ့သည့်နောက် အသက်(၂၂)နှစ်ရှိ ကစားသမားသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် အေးဂျင့်ဖြစ်သူက အရိပ်အမြွက် လမ်းဖွင့် လာခဲ့ခြင်း ဖြစ်သည်။ ဟော့တ်ဘီသည် အဲဗာတန်ကို အားပေးသည့် အင်္ဂလန်သား ဖခင်ဖြစ်သူမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဟော့တ်ဘီသည် ရှော်လ်ကေးနှင့် ယခုဘောလုံးရာသီ အကုန်တွင် စာချုပ်သက်တမ်း ပြီးဆုံးမည်ဖြစ်ပြီး ထိုအချိန်တွင် မည်သည့် အသင်းထံမဆို စိတ်တိုင်းကျ ရွေးချယ် ပြောင်းရွှေ့နိုင်မည် ဖြစ်သည်။
တိုက်စစ် အားသန်သော ကွင်းလယ်လူ ဟော့တ်ဘီအား အာဆင်နယ်နှင့် လီဗာပူးလ်တို့က
အပြိုင် ဆက်သွယ်နေပြီး ၎င်း၏ အေးဂျင့် မားကက်စ် နိုကက်ခ်ကလည်း
ပရီးမီးယားလိဂ်သည် ကစားသမား အတွက် ရွေးချယ်သင့်သော နယ်ပယ် တစ်ခုဟု
ဝန်ခံခဲ့သည်။ နိုကက်ခ်က "ရှော်လ်ကေးမှာ ဟော့တ်ဘီရဲ့ အနေအထားက
ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ အင်္ဂလန် ကလပ်တွေကလည်း တကယ့်ကို
စိတ်ဝင်စားစရာ အဆိုပြုမှုတွေနဲ့ ကမ်းလှမ်းလာပြီလေ" ဟု သတင်းထောက်များအား
ပြောကြားခဲ့သည်။
ဟော့တ်ဘီသည် (၂၀၀၉)ခုနှစ်နောက်ပိုင်း အာဆင်နယ်၏ ပထမဆုံး ချန်ပီယံလိဂ်
အိမ်ကွင်းရှုံးပွဲ ကြုံခဲ့ရသည့် ပွဲစဉ်တွင် အမ်းမရိတ်စ်၌ အထူးတလည်
ခြေစွမ်းပြ ကစားသွားခဲ့ပြီး အာဆင်နယ်က ယင်းကို ပိုမို အာရုံကျလာခဲ့သည်။
လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည်လည်း ဟော့တ်ဘီကို နှစ်သက်
သဘောကျနေကြောင်း သိရှိရသည်။ Ref: Daily Mail
soccer myanmar


No comments:
Post a Comment