Tuesday, October 23, 2012

ရှက်ဖီးလ် ဂိုးသမားကို တိုက်ခိုက်ခဲ့သည့် လိဒ်စ်ပရိသတ် ထောင်ဒဏ် (၁၆)ပတ် ချမှတ်ခံရ

Ever November | 10/23/2012 04:40:00 PM | Best Blogger Tips
ထောင်ဒဏ် ချမှတ်ခံရသည့် လိဒ်စ်ပရိသတ် အေရွန်ကော်လီ

ရှက်ဖီးလ် ဝက်နက်စ်ဒေး ဂိုးသမား ခရစ်ကာ့ခ်လန်ကို တိုက်ခိုက် ရန်ပြုခဲ့သည့် လိဒ်စ်ယူနိုက်တက် ပရိသတ်အား ထောင်ဒဏ် သီတင်းပတ် (၁၆)ပတ် ချမှတ်လိုက်ကြောင်း သိရှိရသည်။
သောကြာနေ့က ဟေးလ်ဘရော့တွင် ကစားသည့် ချန်ပီယံရှစ် ပွဲစဉ်တွင် လိဒ်စ်ပရိသတ် အေရွန် ကော်လီသည် ကွင်းထဲ ပြေးဝင်လာကာ ကာ့ခ်လန်အား ရန်ပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စကြောင့် ယခင်ကတည်းက ပြိုင်ဆိုင်မှု ကြီးမားသော ကလပ်အသင်း နှစ်ခုကြား တင်းမာမှုများ မြင့်တက်လာခဲ့သလို လိဒ်စ်အသင်းမှာလည်း ပရိသတ်၏ လုပ်ရပ်အတွက် ပြန်လည် တောင်းပန် ခဲ့ရသည်။ ယခုအခါတွင်မူ ကော်လီသည် ထောင်ဒဏ် ပြစ်ဒဏ်ကို တနင်္လာနေ့ စီရင်ချက်အရ ကျခံရတော့မည် ဖြစ်သည်။
ကာ့ခ်လန်သည် ကော်လီအား စစ်ဆေးမှုတွင် လိုပြသက်သေ အဖြစ် ဆောင်ရွက်ခဲ့သည်။ ရှက်ဖီးလ် တရားရုံးက ယခုဖြစ်စဉ်အတွက် ကော်လီတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ လိဒ်စ်အသင်းသည် မိမိတို့ ပရိသတ်၏ ရမ်းကားမှုအပေါ် ဝမ်းနည်းပါကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။ ချယ်လ်တန်ဟမ် ဇာတိဖွား အသက်(၂၁)နှစ်ရှိ ကော်လီသည် လိဒ်စ်အသင်း ဘောလုံးကစားနေချိန်တွင် အဆိုပါ ကွင်းနှင့် အနည်းဆုံး (၁)မိုင်အကွာ၌ ရှိနေရန်လည်း (၆)နှစ်စာ ပိတ်ပင်ခံခဲ့ရကြောင်း သိရှိရသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1