Tuesday, October 23, 2012

စိန်ပွင့် အခင်းအကျင်းသည် မန်ယူ၏ သမိုင်းကြောင်းကို တော်လှန်ခြင်းဟု ဖာဂူဆန် မှတ်ချက်ပြု

Ever November | 10/23/2012 04:25:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ၎င်းအနေဖြင့် စိန်ပွင့်ပုံ အခင်းအကျင်း ကစားကွက်ကို ရေရှည် အသုံးပြုမည် ဆိုပါက သမိုင်းသစ် တစ်ခုကို ရေးသားမှု ဖြစ်လာနိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့သည်။
ဖာဂူဆန်သည် ယခုရာသီ မန်ယူ၏ အချို့သော ပွဲစဉ်များတွင် ကွင်းလယ်လူ (၃)ယောက်ရှေ့၌ ဝိန်းရွန်နီက Linkman တာဝန်ယူသော စိန်ပွင့်ပုံ ကစားကွက်ကို စမ်းသပ် အသုံးပြုပြီး အောင်မြင်မှုများ ရရှိခဲ့သည်။ ဖာဂူဆန်က အကယ်၍ မန်ယူ၏ မူလလက်ဟောင်း (၄-၄-၂)ကစားကွက်ဖြင့် တောင်ပံထိုးစစ် အားပြုမှုကို စွန့်ပယ်ကာ စိန်ပွင့်ကစားဟန်ကို အဓိက သုံးစွဲသွားမည် ဆိုပါက အသင်း၏ သမိုင်းကြောင်းကို ပြောင်းလဲတော်လှန်မှု တစ်ခုအဖြစ် ယူဆနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်ယူသည် တောင်ပံများကိုသာ အားပြုကာ နှစ်ပေါင်းများစွာ အောင်မြင်သော အသင်းကောင်း တစ်ခုအဖြစ် ရပ်တည်ပြခဲ့သည်။
စိန်ပွင့် ကစားကွက်တွင်မူ တောင်ပံသမားများ အတွက် လုံးဝ နေရာ မရှိတော့ဘဲ ကွင်းလယ်ဗဟိုကို အားပြု ကစားရမည် ဖြစ်သည်။ သို့သော် အဆိုပါ ကစားကွက်တွင် ရွန်နီအပြင် ရော်ဘင်ဗန်ပါစီ၊ ရှင်ဂျီကာဂါဝါ၊ ဒန်နီဝဲလ်ဘက်၊ တွမ်ကလီဗာလေတို့ အားလုံး အံဝင် အချိတ်အဆက် မိနေခြင်းကြောင့် ဖာဂူဆန်အနေဖြင့် အလေးအနက် စဉ်းစားနေခြင်း ဖြစ်သည်။ "တကယ်လို့ စိန်ပွင့်ပုံ ကစားကွက်ကို အမြဲတမ်း သုံးမယ်ဆိုရင် ဒါဟာ အသင်းရဲ့ သမိုင်းကြောင်းကို ဆန့်ကျင်တော်လှန်မှု တစ်ခုလို ဖြစ်လာမှာပါ"ဟု ဖာဂူဆန်က ဆိုသည်။
"ဒါပေမဲ့ လတ်တလောမှာ အင်္ဂလန်နဲ့ ဥရောပ ပွဲစဉ်တွေရဲ့ အဆင့်အတန်းဟာ အရမ်း မြင့်တက်လာပါပြီ။ ဒီအခြေအနေမှာ မမျှော်လင့်တဲ့ ဗျူဟာ ချဉ်းကပ်မှုတိုင်းဟာ တစ်ဖက်တစ်လမ်းက ခွန်အား ဖြစ်လာခဲ့တယ်။ အသင်းတိုင်းမှာ ကိုယ်ပိုင် အတွေးအခေါ်နဲ့ အခင်းအကျင်းတွေ ရှိနေကျပါပဲ။ ကျွန်တော်တို့ အနေနဲ့တော့ တောင်ပံနှစ်ဖက်ကို အားပြုတာဖြစ်ဖြစ်၊ စိန်ပွင့်ပုံ ကစားကွက်ကိုဖြစ်ဖြစ် ဆီလျော်သလို သုံးသွားမှာပါ။ ပြီးတော့ ဒီကစားကွက် နှစ်ခုလုံးမှာ အံဝင်မယ့် ကစားသမားတွေလည်း အသင်းမှာ ရှိနေတယ်လေ။ ကာဂါဝါနဲ့ ကလီဗာလေတို့ဟာ တောင်းဆိုမှုတွေ ရှိလာရင် စိန်ပွင့် ကစားကွက်မှာ လုံးဝ အံဝင်ပါတယ်။ လူးဝစ်နာနီ၊ အက်ရှ်လေယန်းနဲ့ အန်တိုနီယို ဗလန်စီယာတို့ ကျပြန်တော့လည်း တောင်ပံမှာ သိပ်ထူးချွန်တဲ့ ကစားသမားတွေ မဟုတ်လား"ဟု ဖာဂူဆန်က ဆက်လက် ပြောဆိုသွားသည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1