Thursday, October 25, 2012

ရှော်လ်ကေးနှင့် ပွဲတွင် စွမ်းဆောင်ရည်ပိုင်း အားနည်းခဲ့ကြောင်း ဗာမေလန် ဝန်ခံ

Ever November | 10/25/2012 02:11:00 PM | Best Blogger Tips
ရှော်လ်ကေးနှင့် ပွဲတွင် တွေ့ရသော ဗာမေလန်

ရှော်လ်ကေး အသင်းကို အရေးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အာဆင်နယ် အနေဖြင့် လုံလောက်သော စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ဟု သောမတ်စ် ဗာမေလန်က ဝန်ခံ ပြောကြားလိုက်သည်။
အာဆင်နယ် အသင်းခေါင်းဆောင်က အိမ်ကွင်းတွင် ဂျာမန်ကလပ်ကို (၂-၀)ဖြင့် အရေးနိမ့်ခဲ့ခြင်းသည် အသင်း၏ တိုက်စစ်ဆင်မှု အားနည်းခြင်းကြောင့်ဟု ပြောကြားသွားသည်။ အာဆင်နယ်သည် (၂၀၀၉)ခုနှစ် ကတည်းက ချန်ပီယံလိဂ်တွင် အိမ်ကွင်း ရှုံးပွဲ လုံးဝမရှိသော စံချိန်ကို ပိုင်ဆိုင်ထားသည့်တိုင် ယခုအခါ ပျက်ပြယ်သွားပြီ ဖြစ်သည်။ ဒုတိယပိုင်း မိနစ်(၆၀) နောက်ပိုင်းတွင် ရှော်လ်ကေးသည် အာဆင်နယ်၏ အားလျော့မှုကို အခွင့်ကောင်းယူကာ ဂိုးများ သွင်းယူသွားခြင်း ဖြစ်သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင်လည်း နောဝှစ်ခ်ျကို အရေး နိမ့်ထားရာ (၂)ပွဲဆက် အရေးနိမ့်မှု ဖြစ်လာသည်။
ဗာမေလန်က "စနေနေ့က ကျွန်တော်တို့ ရှုံးထားတယ်။ ဒါကြောင့် ရှော်လ်ကေးနဲ့ပွဲမှာ ပိုကောင်းတဲ့ ရလဒ်ကို မျှော်လင့်ခဲ့ပေမယ့် ဇာတ်လမ်းက တူတူပဲ ဖြစ်လာပါတယ်။ ကျွန်တော်တို့ဟာ ဂိုးတွေ သွင်းယူဖို့ လုံလောက်တဲ့ အခွင့်အလမ်းတွေ မဖန်တီးနိုင်ခဲ့ပါဘူး။ တစ်ဖက်မှာတော့ ပြိုင်ဘက်က တစ်ကြိမ် အခွင့်အရေးရတိုင်း တစ်ဂိုးလောက် သွင်းပြသွားပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက အာဆင်နယ် အနေဖြင့် လမ်းကြောင်းမှန်ပေါ်တွင် ဆက်လျှောက်နိုင် မလျှောက်နိုင် မေးမြန်းမှုကို "ပြောပြဖို့ ခက်ပါတယ်။ ကျွန်တော်တို့ကတော့ အမှန်ဘက်မှာပဲ ရှိချင်တာပါ။ တစ်သင်းလုံး (၁၀၀)ရာခိုင်နှုန်း ပေးဆပ်ခဲ့ပေမယ့် လက်ရှိ ကြုံနေရတာက ခက်ခဲတဲ့ ကာလတွေပါ။ သေချာတာကတော့ ကျွန်တော်တို့ဟာ တိုက်စစ်အတွက် လုံလောက်တဲ့ ဂိုးဖန်တီးမှုတွေ မလုပ်ပြနိုင်ခဲ့ပါဘူး"ဟု ဖြေဆိုသွားသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1