အခု လတ်တလောမှာတော့ ချစ်စနိုးဦးက သူ့ရဲ့ တစ်ကိုယ်တော်အခွေကို စီစဉ်နေရင်း နဲ့ နယ်တွေမှာလည်း ရှိုးတွေဆိုဖြစ်နေပါတယ်။ ၂ဝ၁၁ ခုနှစ် အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလမှာ ကျင်းပမှာဖြစ်သလို အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေထဲမှာ ချစ်စနိုးဦး ပါဝင်သရုပ်ဆောင် ထားတဲ့ `ရင်ကွဲနာ´ဇာတ်ကားလည်း ပါဝင်နေတာကြောင့် ဒီနှစ် အကယ်ဒမီ အတွက် ချစ်စနိုးဦးက ရင်ခုန်နေပါတယ်။
”အကယ်ဒမီဆုဆိုတာက အနုပညာရှင်တိုင်း အလိုချင်ဆုံး ဆုတစ်ခုပါပဲ။ သဲသဲ
အနေနဲ့ကလည်း ကိုယ်တိုင်က အနုပညာရှင် ဆိုတော့ လိုတော့လိုချင်တာပေါ့။ ဒါပေမဲ့
တအားကြီးတော့ မျှော်လင့် မထားပါဘူး။ အကယ်ဒမီပေးပွဲက နီးလာပေ မယ့်
နည်းနည်းလိုသေးတဲ့အတွက် ရင်ခုန်နှုန်းက ငြိမ်နေပါသေးတယ်။ `ရင်ကွဲနာ´
ရုပ်ရှင် ဇာတ်ကား ရိုက်တုန်းကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး
သရုပ်ဆောင်ထားတယ်။ ကိုယ်တစ်ယောက်တည်း ကြိုးစားလို့လည်း မပြီးပါ ဘူး။
အကုန်လုံး ကလည်း ကြိုးစားကြတယ်။ ကိုယ်တိုင် ကတော့ အကောင်း ဆုံးဖြစ်အောင်
ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ အရင်နှစ်တွေ ထက်စာရင် ဒီနှစ်က
ကိုယ်သရုပ်ဆောင်ထားတဲ့ ကားလေးလည်း ပါနေတော့ ဒီနှစ်မှာတော့ အကယ်ဒမီကို
မျှော်လင့်ရပြီး ရင်ခုန်ရမယ်” လို့ပြောပါတယ်။
ချစ်စနိုးဦးက အကယ်ဒမီပွဲကို ရန်ကုန် မှာပဲဖြစ်စေချင်ကြောင်း၊ နေပြည်တော် မှာလည်း ပျော်ဖို့ကောင်းပါကြောင်း၊ အနုပညာမောင်နှမတွေ တစ်စု တစ်စည်း တည်း အတူ သွားရပြီး အတူတူတည်းကြ၊ ပွဲတက်ကြ၊ ပြန်ကြတဲ့အတွက် ခရီး တစ်ခုသွားရသလိုတော့ ဖြစ်ကြောင်း၊ ရန်ကုန် မှာတော့ ကိုယ့်အိမ်မှာ ပဲနေပြီး အေးအေးဆေးဆေးပြင် ဆင်ပြီးတော့ သွားလို့ ရကြောင်း၊ တစ်နေရာ နဲ့ တစ်နေရာက တော့ မတူဘဲ သူ့ဟာနဲ့သူတော့ ပျော်စရာကောင်းနေတာပဲလို့ ချစ်စနိုးဦး ကပြောပါ တယ်။
ချစ်စနိုးဦး က ဒီနှစ်အကယ်ဒမီ ဝတ်စုံကို မနှစ်ကစီစဉ်ပေးတဲ့ မန္တလေးက အဉ္ဇလီဇော်ထက် ကပဲ စီစဉ်ပေးမယ် လို့ပြောပြီး အရောင် ကိုတော့ ပန်းနုရောင်လေး ဝတ်ဖြစ် ဖို့တော့ စိတ်ကူး ထားတယ်လို့ ပြောပါတယ်။
လွင်လွင်ထွန်း

Popular facebook
No comments:
Post a Comment